အခန်း နှစ်ဆယ့်နှစ်
စမ်းသပ်မှုတွေကြုံရချိန်မှာ သူ သစ္စာရှိခဲ့
၁၊ ၂။ ကပေရနောင်မြို့မှာ ယေရှု ဟောနေတဲ့အခါ ပေတရု ဘယ်လို မျှော်လင့်ခဲ့သလဲ။ ဘာဖြစ်ခဲ့သလဲ။
ပေတရုဟာ ကပေရနောင်မြို့က တရားဇရပ်မှာ ယေရှု ဟောပြောတာ နားထောင်နေတဲ့သူတွေကို အကဲခတ် ကြည့်နေတယ်။ ဂါလိလဲအိုင်ရဲ့ မြောက်ဘက်ကမ်းခြေက ဒီမြို့လေးမှာ ပေတရုရဲ့ အိမ်နဲ့ ငါးဖမ်းလုပ်ငန်းရှိတယ်။ သူ့ရဲ့မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ စီးပွားဖက်တွေလည်း အဲဒီမှာ နေထိုင်ကြတယ်။ ဒါကြောင့် ဒီမြို့သားတွေဟာ သူ့လိုပဲ ယေရှုကို မေရှိယအဖြစ် လက်ခံပြီး အကြီးမြတ်ဆုံးဆရာ ဟောပြောတဲ့ ဘုရားသခင့် နိုင်ငံတော်အကြောင်းကို နားထောင်ချင်ကြမှာပဲလို့ သူ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ထင်တဲ့အတိုင်း ဖြစ်မလာဘူး။
၂ လူအများက ဆက်နားမထောင်ကြတော့ဘူး။ တချို့က ညည်းညူပြောဆိုပြီး ယေရှု ဟောတဲ့အကြောင်းကို ကန့်ကွက်ကြတယ်။ ပေတရုကို စိတ်အနှောင့်အယှက် အပေးဆုံးက ယေရှုရဲ့ တပည့်ရင်းတချို့ တုံ့ပြန်ပုံပဲ။ သူတို့ရဲ့ မျက်နှာဟာ အမှန်တရားကို သိလိုက်ရလို့ ပျော်ရွှင်နေပုံ၊ ကျေနပ်ပီတိဖြစ်နေတဲ့ပုံမျိုး မပေါက်တော့ဘူး။ အခု သူတို့ဟာ စိတ်အနှောင့်အယှက် ဖြစ်နေရုံသာမက ဒေါသတောင် ထွက်နေပုံရတယ်။ တချို့က ယေရှုရဲ့ စကားတွေကို လက်မခံနိုင်ဘူးလို့တောင် အသံကျယ်ကျယ်နဲ့ ပြောပြီး တရားဇရပ်ထဲကနေ ထွက်သွားကြတယ်။ ယေရှုနောက် ဆက်မလိုက်ကြတော့ဘူး။—ယောဟန် ၆:၆၀၊ ၆၆ ကိုဖတ်ပါ။
၃။ ပေတရုရဲ့ ယုံကြည်ခြင်းက သူ့ကို ခဏခဏ ဘယ်လို ကူညီပေးခဲ့သလဲ။
၃ အဲဒီအခြေအနေဟာ ပေတရုနဲ့ တခြားတမန်တော်တွေအတွက် တော်တော်ခက်ခဲတယ်။ အဲဒီနေ့မှာ ယေရှု ဟောပြောခဲ့တာတွေကို ပေတရု အပြည့်အ၀ နားမလည်ဘူး။ ယေရှုရဲ့ စကားတွေကို စာသားအတိုင်းယူရင် လုံးဝ လက်မခံနိုင်စရာပဲ ဆိုတာ သူသိတယ်။ ဒီတော့ ဘာလုပ်မလဲ။ သခင့်အပေါ် သူ သစ္စာရှိမရှိ စမ်းသပ်ခံရတာဟာ ဒါပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံး အကြိမ်လည်း မဟုတ်ဘူး။ ပေတရုရဲ့ ယုံကြည်ခြင်းက အဲဒီလို စမ်းသပ်ခံရတဲ့အခါ ဆက်သစ္စာရှိနိုင်ဖို့ ဘယ်လို ကူညီပေးခဲ့တယ်ဆိုတာ ကြည့်ကြစို့။
တခြားသူတွေ သစ္စာမရှိတော့ပေမဲ့ သူဆက်သစ္စာရှိခဲ့
၄၊ ၅။ ယေရှု ပြုမူပြောဆိုပုံက လူတွေ မျှော်လင့်တာနဲ့ ဘယ်လို ကွာခြားသလဲ။
၄ ပေတရုဟာ ယေရှုနဲ့ ပတ်သက်ပြီး အံ့အားသင့်စရာတွေ မကြာခဏ ကြုံခဲ့ရတယ်။ သခင်ယေရှုရဲ့ ပြုမူပြောဆိုပုံက လူတွေ ထင်တဲ့အတိုင်း မဖြစ်တာကို သူအကြိမ်ကြိမ် တွေ့ရတယ်။ မနေ့ကပဲ ယေရှုဟာ ထောင်နဲ့ချီတဲ့ လူအုပ်ကို အံ့ဖွယ်နည်းနဲ့ အစားအစာ ကျွေးမွေးခဲ့တယ်။
အဲဒီအခါ လူအုပ်က သူ့ကို ဘုရင်တင်မြှောက်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ယေရှု ရှောင်ထွက်သွားတာ၊ တပည့်တွေကိုလည်း ကပေရနောင်မြို့ဆီ လှေနဲ့ သွားခိုင်းတာက လူတွေအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့တယ်။ အဲဒီညမှာ တပည့်တွေဟာ လှေနဲ့သွားနေရင်း မုန်တိုင်းထန်နေတဲ့ ဂါလိလဲအိုင် ရေမျက်နှာပြင်ပေါ်မှာ ယေရှု လမ်းလျှောက်လာတာကို အံ့သြတကြီး တွေ့ရပြန်တယ်။ အဲဒီအချိန်မှာ ပေတရုကို ယုံကြည်ခြင်းနဲ့ဆိုင်တဲ့ အရေးကြီး သင်ခန်းစာတစ်ခု သင်ပေးခဲ့တယ်။၅ မနက်မိုးလင်းတော့ လူအုပ်ဟာ လှေတွေစီးပြီး လိုက်လာတာကို တွေ့လိုက်ရတယ်။ ယေရှု ပြောတာကို ကြားချင်လို့ မဟုတ်ဘဲ အံ့ဖွယ်နည်းနဲ့ အစားအစာ ကျွေးတာကို မြင်ချင်လို့ ဖြစ်မှန်း သိသာတယ်။ ဒါကြောင့် ကာယရေးကိုပဲ ဦးစားပေးတဲ့သဘော သူတို့မှာရှိတာကို ယေရှု ပြစ်တင်ဆုံးမခဲ့တယ်။ (ယော. ၆:၂၅-၂၇) အဲဒီဆုံးမစကားကို ကပေရနောင်မြို့က တရားဇရပ်မှာ ဆက်ပြောရင်း သိပ်အရေးကြီးပြီး နားလည်ရခက်တဲ့ အမှန်တရားကိုလည်း သွန်သင်ပေးခဲ့တယ်။ ဒါပေမဲ့ ယေရှုပြောတာတွေက လူတွေမျှော်လင့်ထားသလို မဟုတ်ပြန်ဘူး။
၆။ ဘယ်ပုံဥပမာကို ယေရှုပေးခဲ့သလဲ။ အဲဒါကို ကြားတဲ့သူတွေ ဘယ်လို တုံ့ပြန်ကြသလဲ။
၆ စားစရာရလို့ လူတွေ သူ့ဆီ လာတာကို ယေရှု မလိုလားဘူး။ ယေရှုရဲ့ ပူဇော်သက္ကာကို သူတို့ ယုံကြည်လက်ခံပြီး သူ့ရဲ့ စံနမူနာကို လိုက်လျှောက်မှသာ ဘုရားသခင်က သူတို့ကို ထာဝရအသက် ပေးမယ်ဆိုတာ သိစေချင်တာ။ ဒါကြောင့် ယေရှုဟာ သူ့ကိုယ်သူ မောရှေလက်ထက်မှာ ကောင်းကင်ကကျလာတဲ့ မန္နမုန့်နဲ့ နှိုင်းယှဉ်ပြီး ပုံဥပမာတစ်ခု ပေးခဲ့တယ်။ အဲဒါကို တချို့က လက်မခံနိုင်ပေမဲ့ ယေရှုက လူတွေဟာ အသက်ရဖို့ သူ့အသားကိုစားပြီး သူ့အသွေးကို သောက်ရမယ်ဆိုပြီး ကွက်ကွက်ကွင်းကွင်း မြင်သာတဲ့ ပုံဥပမာကို ဆက်ပြောခဲ့တယ်။ အဲဒီအခါ မကျေနပ်သံတွေ ပိုကျယ်လာတယ်။ တချို့က “သူပြောနေတာတွေက လန့်စရာကြီးပါလား။ ဘယ်သူ နားခံနိုင်မှာလဲ” လို့ပြောကြတယ်။ ယေရှုရဲ့ တပည့်ရင်းတွေကလည်း ကိုယ်တော့်နောက် ဆက်မလိုက်တော့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ *—ယော. ၆:၄၈-၆၀၊ ၆၆။
၇၊ ၈။ (က) ယေရှုရဲ့ တာဝန်နဲ့ ပတ်သက်ပြီး ပေတရု ဘာကို သဘောမပေါက်သေးသလဲ။ (ခ) တမန်တော်တွေကို ယေရှုမေးတဲ့ မေးခွန်းကို ပေတရု ဘယ်လို ပြန်ဖြေခဲ့သလဲ။
၇ ပေတရု ဘာလုပ်မလဲ။ ယေရှုရဲ့ စကားတွေကြောင့် သူလည်း စိတ်ရှုပ်ထွေးနေမှာပဲ။ ယေရှုဟာ ဘုရားအလိုတော်ဆောင်ဖို့ အသေခံရမယ်ဆိုတာ ပေတရု သဘောမပေါက်သေးဘူး။ ဒါပေမဲ့ စိတ်အပြောင်းအလဲမြန်ပြီး အဲဒီနေ့မှာပဲ ယေရှုကို စွန့်ခွာသွားကြတဲ့ တခြားတပည့်တွေလို ပေတရုလည်း စွန့်သွားသလား။ မစွန့်ခဲ့ပါဘူး။ အဲဒီလူတွေနဲ့ ပေတရု မတူရတဲ့အကြောင်းရင်းတစ်ခုရှိတယ်။ အဲဒါက ဘာလဲ။
၈ ယေရှုက “ခင်ဗျားတို့ကော ထွက်သွားချင်သလား” လို့ တမန်တော်တွေကို မေးတယ်။ (ယော. ၆:၆၇) တမန်တော် ၁၂ ယောက်စလုံးကို ယေရှု မေးတာဖြစ်ပေမဲ့ ပေတရု ဖြေလိုက်တယ်။ အဲဒီလိုပဲ မကြာခဏ ဖြစ်တတ်တယ်။ ပေတရုဟာ တမန်တော် ၁၂ ယောက်ထဲမှာ အသက်အကြီးဆုံး ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် တမန်တော်တွေထဲမှာ သူဟာ အပွင့်လင်းဆုံးနဲ့ စိတ်ထဲရှိတာကို လွှတ်ခနဲ ထုတ်ပြောတတ်သူ ဖြစ်တယ်။ အဲဒီအချိန်မှာ ပေတရုဟာ သူ့စိတ်ထဲမှာရှိတဲ့ မှတ်သားစရာ ဒီစကားတွေကို ပြောခဲ့တယ်– “သခင်၊ ဘယ်သူ့ဆီ သွားရမှာလဲ။ ထာဝရအသက်ရစေတဲ့ စကားတွေဟာ သခင့်ဆီမှာပဲ ရှိတာပါ။”—ယော. ၆:၆၈။
၉။ ယေရှုအပေါ် သစ္စာရှိတယ်ဆိုတာ ပေတရု ဘယ်လို ပြခဲ့သလဲ။
၉ အဲဒီစကားတွေက သင့်စိတ်ကို ထိမိတယ် မဟုတ်လား။ ပေတရုဟာ ယေရှုကို အပြည့်အဝ ယုံကြည်တဲ့အတွက် သစ္စာရှိခဲ့တာ ဖြစ်တယ်။ ယေရှုဟာ ယေဟောဝါဘုရား စေလွှတ်လိုက်တဲ့ တစ်ပါးတည်းသော ကယ်တင်ရှင် ဖြစ်တယ်၊ ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်ခြင်းအားဖြင့် လူတွေကို ကယ်တင်နေတယ်ဆိုတာ ပေတရု ကောင်းကောင်း သိနားလည်တယ်။ ဒါကြောင့် နားမလည်နိုင်တာတွေ တချို့ ရှိပေမဲ့ ဘုရားသခင့် မျက်နှာသာရဖို့၊ ထာ၀ရအသက်ရဖို့ တခြား သွားစရာနေရာ မရှိဘူးဆိုတာ ပေတရု သဘောပေါက်တယ်။
ယေရှုရဲ့ သွန်သင်ချက်တွေက နားလည်ရခက်ပြီး ကိုယ့်အကြိုက်နဲ့ မတွေ့ရင်တောင် သစ္စာရှိဖို့လို
၁၀။ ယနေ့ ကျွန်တော်တို့ဟာ ပေတရုလို ဘယ်လို သစ္စာရှိနိုင်သလဲ။
၁၀ သင်လည်း အဲဒီလို ခံစားရပါသလား။ ဝမ်းနည်းစရာက ဒီနေ့ခေတ် လူတွေဟာ ယေရှုကို ချစ်တယ်လို့ ပြောပေမဲ့ သစ္စာမရှိကြဘူး။ ယေရှုအပေါ် အမှန်တကယ် သစ္စာရှိတယ်ဆိုရင် သူ့ရဲ့ သွန်သင်ချက်တွေနဲ့ ပတ်သက်ပြီး ပေတရုရဲ့ သဘောထားမျိုး ရှိဖို့လိုတယ်။ အဲဒီသွန်သင်ချက်တွေက နားလည်ရခက်ပြီး ကိုယ့်အကြိုက်နဲ့ မတွေ့ရင်တောင် ဆက်လေ့လာဖို့၊ အဓိပ္ပာယ်ကို နားလည်အောင် ကြိုးစားဖို့၊ အဲဒီအတိုင်း ဆက်အသက်ရှင်ဖို့ လိုတယ်။ သစ္စာစောင့်သိမှသာ ယေရှုပေးချင်တဲ့ ထာ၀ရအသက် ရနိုင်မှာ ဖြစ်တယ်။—ဆာလံ ၉၇:၁၀ ကိုဖတ်ပါ။
တည့်မတ်ခံရပြီးနောက် ဆက်သစ္စာရှိခဲ့
၁၁။ နောက်လိုက်တွေကို ယေရှု ဘယ်ကို ခေါ်သွားသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၁၁ အဲဒီနောက် မကြာခင်မှာပဲ ယေရှုဟာ တမန်တော်တွေနဲ့ တပည့်တချို့ကို ခေါ်ပြီး မြောက်ဘက်ပိုင်းကို ခြေကျင်သွားတယ်။ ကတိထားရာပြည်ရဲ့ မြောက်ဘက်စွန်းက နှင်းဖုံးနေတဲ့ ဟေရမုန်တောင်ထိပ်ကို ဂါလိလဲအိုင်ကနေ တစ်ခါတလေ လှမ်းမြင်ရတယ်။ သူတို့ဟာ တဖြည်းဖြည်း မြင့်တက်သွားတဲ့ လမ်းအတိုင်း ကဲသရိဖိလိပ္ပိမြို့အနားက ရွာတွေဆီကို သွားနေရင်း ဟေရမုန်တောင်အနီးကို ရောက်လာကြတယ်။ * တောင်ဘက်က ကတိထားရာပြည်ကို လှမ်းမြင်နေရတဲ့ အဲဒီနေရာမှာ ယေရှုက သူ့နောက်လိုက်တွေကို အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးလိုက်တယ်။
၁၂၊ ၁၃။ (က) ယေရှုက မိမိကို လူအုပ် ဘယ်လို ရှုမြင်သလဲလို့ ဘာကြောင့် မေးတာလဲ။ (ခ) ပေတရုမှာ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိတယ်ဆိုတာ ယေရှုကို ပေးတဲ့အဖြေက ဘယ်လို ဖော်ပြသလဲ။
၁၂ ယေရှုက “လူတွေ ကျွန်တော့်ကို ဘယ်သူလို့ ပြောကြသလဲ” လို့မေးတယ်။ အဲဒီအခါ လု. ၉:၁၈-၂၀။
ပေတရုဟာ ယေရှုရဲ့ စူးရှတဲ့ မျက်လုံးကိုကြည့်ပြီး သခင်ရဲ့ ကြင်နာမှုနဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ကို အကဲခတ်မိပုံရတယ်။ လူအုပ်အနေနဲ့ မြင်ရ၊ ကြားရတာတွေကို ဘယ်လို ကောက်ချက်ချသလဲလို့ ယေရှု သိချင်နေတယ်။ တပည့်တွေက ယေရှု ဘယ်သူဘယ်ဝါ ဖြစ်တယ်လို့ လူတွေ အထင်မှားပြီး ပြောနေကြတာတွေကို ပြန်ပြောပြကြတယ်။ ဒါပေမဲ့ အဲဒီထက်မက ယေရှု သိချင်တာ။ တပည့်ရင်းတွေကကော သူတို့လိုပဲ ထင်နေကြသလား။ ဒါနဲ့ ယေရှုက “ခင်ဗျားတို့ကော ကျွန်တော့်ကို ဘယ်သူလို့ ပြောမလဲ” ဆိုပြီး မေးတယ်။—၁၃ ဒီတစ်ကြိမ်လည်း ပေတရု ချက်ချင်း ပြန်ဖြေတယ်။ အဲဒီမှာရှိတဲ့သူ အားလုံးရဲ့ ကောက်ချက်ကို ရှင်းရှင်းလင်းလင်း၊ ရဲရဲဝံ့ဝံ့ ဖော်ပြလိုက်တယ်။ “သခင်ဟာ ခရစ်တော်ပဲ။ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ သားပါ။” ပေတရုကို ချီးမွမ်းရင်း ယေရှု ပြုံးနေတာကို မြင်ယောင်ကြည့်ပါ။ အဲဒီအရေးကြီးတဲ့ အမှန်တရားကို စစ်မှန်တဲ့ ယုံကြည်ခြင်းရှိသူတွေ ရှင်းရှင်းလင်းလင်း သိနားလည်အောင် ဖော်ပြတာက ယေဟောဝါဘုရားပဲဆိုတာ ပေတရုကို ယေရှု သတိရစေတယ်။ ယေဟောဝါဘုရား ဖော်ပြနေတဲ့ အရေးကြီးဆုံး အမှန်တရားတစ်ခုဖြစ်တဲ့ ကြိုဟောထားတဲ့ မေရှိယ၊ ခရစ်တော်ဟာ ဘယ်သူဘယ်ဝါ ဖြစ်မှန်း ပေတရု သိခွင့်ရလိုက်တယ်။—မဿဲ ၁၆:၁၆၊ ၁၇ ကိုဖတ်ပါ။
၁၄။ ယေရှုဟာ ပေတရုကို ဘယ်အရေးကြီးတဲ့ တာဝန်တွေ အပ်နှင်းခဲ့သလဲ။
၁၄ ခရစ်တော်ကို ရှေးပရောဖက်ပြုချက်တွေမှာ တိုက်ကိုတည်လုပ်တဲ့သူတွေ ပယ်ထားတဲ့ကျောက်ဆိုပြီး ခေါ်ဆိုထားတယ်။ (ဆာ. ၁၁၈:၂၂။ လု. ၂၀:၁၇) ဒီကျောက်ဆောင်ပေါ်မှာ အသင်းတော်ကို ယေဟောဝါဘုရား တည်ထောင်မယ်လို့ ယေရှုဆက်ဖော်ပြတဲ့အခါ အဲဒီ ပရောဖက်ပြုချက်တွေကို ယေရှု ရည်ညွှန်းနေတာ ဖြစ်တယ်။ အဲဒီနောက် ယေရှုဟာ ပေတရုကို တကယ် အရေးကြီးတဲ့ အသင်းတော် တာဝန်တချို့ အပ်နှင်းခဲ့တယ်။ လူတချို့ ယူဆသလို ပေတရုကို တခြားတမန်တော်တွေထက် ပိုအရေးပေးတာ မဟုတ်ဘဲ တာဝန်တွေ ပေးနေတာဖြစ်တယ်။ ပေတရုကို ကောင်းကင်နိုင်ငံရဲ့ “သော့တွေ” ကို အပ်နှင်းခဲ့တယ်။ (မ. ၁၆:၁၉) ပေတရုရဲ့တာဝန်က ဘုရားသခင့် နိုင်ငံတော် မျှော်လင့်ချက်ကို ပထမဆုံး ဂျူးလူမျိုး၊ အဲဒီနောက် ရှမာရိလူမျိုး၊ နောက်ဆုံး လူမျိုးခြားတွေ ရရှိစေရဖို့ ဖြစ်တယ်။
၁၅။ ယေရှုကို ပေတရု ဘာကြောင့် အပြစ်တင်ခဲ့သလဲ။ ဘယ်လို စကားတွေ ပြောခဲ့သလဲ။
၁၅ နောက်ပိုင်းမှာ ယေရှုက အများကြီး ပေးအပ်ခံရသူ ဆီကနေ အများကြီး ပြန်တောင်းလိမ့်မယ်လို့ ပြောခဲ့တာ မှန်ကန်တယ်ဆိုတာ ပေတရုရဲ့ အဖြစ်က ဖော်ပြတယ်။ (လု. ၁၂:၄၈) ယေရှုက မကြာခင်မှာ မိမိ ဂျေရုဆလင်မြို့ကိုသွားပြီး ဒုက္ခအများကြီး ခံရမယ်၊ အဲဒီနောက် အသတ်ခံရမယ်ဆိုတဲ့ အကြောင်းတွေ အပါအဝင် မေရှိယနဲ့ ဆိုင်တဲ့ အရေးကြီး အမှန်တရားတွေကို ဆက်ရှင်းပြတယ်။ အဲဒါတွေကို ကြားလိုက်ရတဲ့အခါ ပေတရု စိတ် အနှောင့်အယှက်ဖြစ်လို့ ယေရှုကို ခေါ်ထုတ်ပြီး “သခင်၊ ကိုယ့်ကိုယ်ကိုယ် သက်ညှာပါဦး။ ဒီလိုအဖြစ်မျိုးကို သခင် ဘယ်တော့မှ ကြုံရမှာ မဟုတ်ဘူး” လို့ အပြစ်တင်တယ်။—မ. ၁၆:၂၁၊ ၂၂။
၁၆။ ပေတရုကို ယေရှု ဘယ်လို ဆုံးမခဲ့သလဲ။ ယေရှုရဲ့ စကားတွေကနေ ဘယ်လက်တွေ့ကျ သွန်သင်ချက် ရနိုင်သလဲ။
၁၆ ပေတရု စေတနာနဲ့ ပြောနေတာဖြစ်လို့ ယေရှု ပြန်ပြောတာကို ကြားတဲ့အခါ အံ့အားသင့်သွားမှာပဲ။ ယေရှုက ပေတရုကို မျက်နှာလွှဲလိုက်ပြီး အတွေးချင်းတူနိုင်တဲ့ တခြားတပည့်တွေကို ကြည့်ရင်း “စာတန်၊ ထွက်သွားပါ။ ခင်ဗျားဟာ ကျွန်တော့်အတွက် ဆူးငြောင့်ခလုတ်ပဲ။ ခင်ဗျားက ဘုရားသခင် စဉ်းစားသလို မစဉ်းစားဘဲ လူတွေစဉ်းစားသလို စဉ်းစားနေတယ်” လို့ ပြောတယ်။ (မ. ၁၆:၂၃။ မာ. ၈:၃၂၊ ၃၃) ယေရှုရဲ့ စကားက ကျွန်တော်တို့အားလုံးအတွက် လက်တွေ့ကျတဲ့ သွန်သင်ချက်ပါပဲ။ ဘုရားသခင် စဉ်းစားပုံထက် လူ့စဉ်းစားပုံကို ဦးစားပေးမိဖို့ အရမ်းလွယ်ကူတယ်။ အဲဒီလိုဆိုရင် ရည်ရွယ်ချက် ဘယ်လောက်ပဲကောင်းကောင်း ဘုရားသခင်အစား စာတန်ကို ထောက်ခံမိလျက်သား ဖြစ်သွားနိုင်တယ်။ အဲဒီအခါ ပေတရု ဘယ်လို တုံ့ပြန်သလဲ။
၁၇။ ပေတရုကို “ထွက်သွားပါ” လို့ ယေရှုပြောတာက ဘာအဓိပ္ပာယ်ရှိသလဲ။
၁၇ ယေရှုက သူ့ကို စာတန်မာရ်နတ်လို့ ခေါ်နေတာ မဟုတ်မှန်း ပေတရု သိမှာပါ။ စာတန်ကို ယေရှု ပြောခဲ့သလို ပေတရုကို မပြောပါဘူး။ စာတန်ကို ယေရှုက “စာတန်၊ ထွက်သွားစမ်း” လို့ ပစ်ပစ်ခါခါ ပြောခဲ့တယ်။ (မ. ၄:၁၀) ယေရှုဟာ အရည်အသွေးကောင်း အများကြီးရှိတဲ့ ဒီတမန်တော်ကို ငြင်းပယ်လိုက်တာ မဟုတ်ဘူး။ မှားနေတဲ့ သူ့ရဲ့ စဉ်းစားပုံကို တည့်မတ်ပေးရုံသာ ဖြစ်တယ်။ ပေတရုဟာ သူ့သခင်ကို တိုက်မိလဲစေမယ့်အစား ထောက်မပေးသင့်တယ်။
ဆုံးမမှုကို နှိမ့်ချတဲ့စိတ်နဲ့ လက်ခံပြီး သင်ခန်းစာယူမှသာ ယေရှုခရစ်၊ သူ့ဖခင် ယေဟောဝါဘုရားနဲ့ ပိုပြီးရင်းနှီးလာနိုင်မှာဖြစ်
၁၈။ သစ္စာရှိမှုကို ပေတရု ဘယ်လို တင်ပြခဲ့သလဲ။ သူ့ကို ဘယ်လို အတုယူနိုင်သလဲ။
၁၈ ဒီအခါ ပေတရု ပြန်ခံပြောသလား၊ စိတ်ဆိုးသလား၊ မကျေမနပ် ဖြစ်ခဲ့သလား။ အဲဒီလို ဖြစ်မယ့်အစား နှိမ့်ချတဲ့စိတ်နဲ့ ဆုံးမစကားကို လက်ခံခဲ့တယ်။ ဒီလိုနည်းနဲ့ ပေတရုဟာ သစ္စာရှိမှုကို နောက်ထပ်တစ်ခါ ပြပြန်တယ်။ ခရစ်တော်ရဲ့ နောက်လိုက်အားလုံးဟာ တစ်ချိန်မဟုတ် တစ်ချိန် ဆုံးမခံရမှာပါ။ အဲဒီအခါ နှိမ့်ချတဲ့သဘောနဲ့ လက်ခံပြီး သင်ခန်းစာယူမှသာ ယေရှုခရစ်၊ သူ့ဖခင် ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးလာမှာ ဖြစ်တယ်။—ပညာအလိမ္မာ ၄:၁၃ ကိုဖတ်ပါ။
သစ္စာစောင့်သိတဲ့အတွက် ကောင်းချီးခံစားရ
၁၉။ အံ့အားသင့်စရာ ဘယ်စကားကို ယေရှု ပြောခဲ့သလဲ။ ပေတရု ဘယ်လို ထင်မိနိုင်သလဲ။
၁၉ မကြာခင်မှာပဲ ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်။ ဒီမှာရပ်နေသူတချို့ဟာ နိုင်ငံတော်နဲ့ရောက်လာတဲ့ လူသားကို မမြင်ရခင် သေဆုံးမှာ မဟုတ်ဘူး” လို့ အံ့အားသင့်စရာ မ. ၁၆:၂၈) ယေရှု ဘာကို ဆိုလိုသလဲဆိုတာ ပေတရု သိချင်နေမှာပဲ။ အခုလေးတင် ပြင်းပြင်းထန်ထန် ဆုံးမခံလိုက်ရတဲ့အတွက် အခွင့်ထူးတွေ ထပ်ရတော့မှာ မဟုတ်ပါဘူးလို့ ထင်နေမှာပဲ။
စကားတွေကို ပြောတယ်။ (၂၀၊ ၂၁။ (က) ပေတရု တွေ့ခဲ့တဲ့ စိတ်အာရုံကို ဖော်ပြပါ။ (ခ) စိတ်အာရုံထဲက လူတွေရဲ့ စကားတွေကနေ ပေတရု ဘာသိလာသလဲ။
၂၀ တစ်ပတ်လောက် ကြာတော့ ယေရှုဟာ ယာကုပ်၊ ယောဟန်၊ ပေတရုတို့ကို သိပ်မဝေးတဲ့ “အလွန်မြင့်တဲ့” ဟေရမုန် “တောင်ပေါ်” ခေါ်သွားတယ်။ သူတို့သုံးယောက်စလုံး အိပ်ငိုက်နေကြတဲ့အတွက် အဲဒီအချိန်ဟာ ည ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေရှု ဆုတောင်းနေတုန်း အိပ်ငိုက်နေတဲ့သူတွေ မျက်လုံးကျယ်သွားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။—မ. ၁၇:၁။ လု. ၉:၂၈၊ ၂၉၊ ၃၂။
၂၁ သူတို့မျက်စိရှေ့တင် ယေရှု ကိုယ်ယောင်ပြောင်းသွားတယ်။ မျက်နှာဟာ နေလိုပဲ လင်းလက်တောက်ပ နေတယ်။ အဝတ်အစားတွေကလည်း ဖြူဖွေးတောက်ပြောင်နေတယ်။ အဲဒီနောက် ယေရှုအနားမှာ မောရှေနဲ့ ဧလိယတို့ကို ကိုယ်စားပြုတဲ့ ပုံသဏ္ဌာန်နှစ်ခု ပေါ်လာတယ်။ သူတို့က “ဂျေရုဆလင်မြို့မှာ ပြည့်စုံတော့မယ့် ယေရှုရဲ့ ထွက်ခွာခြင်းအကြောင်း ပြောလု. ၉:၃၀၊ ၃၁။
နေ” ကြတယ်။ အဲဒါက ယေရှုရဲ့ သေခြင်းနဲ့ ထမြောက်ခြင်းအကြောင်း ဖြစ်နိုင်တယ်။ နာကျင်မှုတွေကို ယေရှု ခံစားရမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ တကယ် မှားတယ်ဆိုတာ ပေတရု သိလာတယ်။—၂၂၊ ၂၃။ (က) စိတ်ထက်သန်ပြီး ကြင်နာတဲ့ စိတ်ထားကို ပေတရု ဘယ်လို တင်ပြခဲ့သလဲ။ (ခ) ပေတရု၊ ယာကုပ်၊ ယောဟန်တို့ဟာ အဲဒီညမှာပဲ နောက်ထပ် ဘယ်ကောင်းချီးတစ်ခု ရခဲ့သေးသလဲ။
၂၂ ဒီထူးခြားတဲ့ စိတ်အာရုံမှာ သူလည်း ပါဝင်သင့်တယ်၊ စိတ်အာရုံပိုကြာအောင် အချိန်ဆွဲထားသင့်တယ်လို့ ပေတရု ယူဆပုံရတယ်။ မောရှေနဲ့ ဧလိယဟာ ယေရှုဆီကနေ ထွက်ခွာသွားတော့မယ့်ပုံပဲ။ ဒါနဲ့ ပေတရုက “ဆရာ၊ ကျွန်တော်တို့ ဒီမှာရှိနေရတာ အခွင့်ထူးပါ။ ဒါကြောင့် ဒီမှာ တဲသုံးလုံး ဆောက်ပေးပါရစေ။ ဆရာ့အတွက် တစ်လုံး၊ မောရှေအတွက် တစ်လုံး၊ ဧလိယအတွက် တစ်လုံးပေါ့” လို့ပြောလိုက်တယ်။ စိတ်အာရုံထဲ ပေါ်လာတဲ့ ရှေးတုန်းက သေဆုံးခဲ့တဲ့ ယေဟောဝါရဲ့ ကျေးကျွန် နှစ်ယောက်အတွက် တဲဆောက်ပေးစရာ မလိုပါဘူး။ ပေတရုဟာ ပြောမိပြောရာ ပြောလိုက်တာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ စိတ်ထက်သန်ပြီး ကြင်နာတတ်တဲ့ စိတ်ထားကြောင့် သူ့ကို သဘောကျမှာပါ။—လု. ၉:၃၃။
၂၃ အဲဒီညမှာ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ဟာ နောက်ထပ် ကောင်းချီးတစ်ခု ရခဲ့သေးတယ်။ တိမ်တိုက်တစ်ခုပေါ်လာပြီး သူတို့အပေါ် အရိပ်ကျလာတယ်။ ဒီအခါ “သူဟာ ငါရွေးချယ်တဲ့ ငါရဲ့ချစ်သားပဲ။ သူ့စကားကို နားထောင်ကြ” ဆိုတဲ့အသံ တိမ်တိုက်ထဲကနေ ထွက်လာတယ်။ အဲဒါက ယေဟောဝါဘုရားရဲ့ အသံဖြစ်တယ်။ အဲဒီနောက် စိတ်အာရုံ ပျောက်ကွယ်သွားပြီး တောင်ပေါ်မှာ ယေရှုနဲ့ သူတို့ပဲ ကျန်ခဲ့တယ်။—လု. ၉:၃၄-၃၆။
၂၄။ (က) ယေရှု ကိုယ်ယောင်ပြောင်းလဲတဲ့ စိတ်အာရုံကနေ ပေတရု ဘာအကျိုးရခဲ့သလဲ။ (ခ) ဒီစိတ်အာရုံကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရနိုင်သလဲ။
၂၄ အဲဒီ စိတ်အာရုံဟာ ပေတရုအတွက်သာမက ကျွန်တော်တို့အတွက်ပါ တကယ့်ကောင်းချီးတစ်ခုပါပဲ။ အဲဒီညမှာ ယေရှုကို ဂုဏ်အသရေရှိတဲ့ ကောင်းကင်ဘုရင်အဖြစ် “သူ့ရဲ့ ကြီးမြတ်လှတဲ့ ဘုန်းအသရေကို . . . ကိုယ်တိုင် မြင်ခဲ့ရ” တယ်လို့ နောက်ပိုင်း ဆယ်စုနှစ်ချီ အကြာမှာ ပေတရု ရေးခဲ့တယ်။ အဲဒီ စိတ်အာရုံဟာ ကျမ်းစာပါ ပရောဖက်ပြုချက် အတော်များများ မှန်ကန်တယ်ဆိုတာ ဖော်ပြပြီး ပေတရု ကြုံတွေ့ရမယ့် အခက်အခဲတွေကို ခံရပ်နိုင်ဖို့ သူ့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့တယ်။ (၂ ပေတရု ၁:၁၆-၁၉ ကိုဖတ်ပါ။) ကျွန်တော်တို့လည်း ပေတရုလို ယေဟောဝါခန့်အပ်ထားတဲ့ သခင်ကို ဆက်သစ္စာရှိမယ်၊ သူ့ဆီကနေ သင်ယူမယ်၊ သူ့ရဲ့ဆုံးမမှုကို ခံယူပြီး နေ့စဉ် နှိမ့်ချတဲ့စိတ်နဲ့ သူ့နောက်လိုက်မယ်ဆိုရင် အဲဒီစိတ်အာရုံက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်ပါတယ်။
^ အပိုဒ်၊ 6 မနေ့ကပဲ ယေရှုရဲ့ ဟောပြောချက်ကို ကြားပြီး သူဟာ ဘုရားသခင်ရဲ့ ပရောဖက်ဖြစ်တယ်လို့ ထက်ထက်သန်သန် တုံ့ပြန်ခဲ့ကြပုံနဲ့ ဒီကနေ့ တရားဇရပ်မှာ သူတို့ တုံ့ပြန်ပုံကို နှိုင်းယှဉ်ကြည့်ရင် အဲဒီလူတွေရဲ့ စိတ် အပြောင်းအလဲမြန်ပုံကို ထင်ထင်ရှားရှား တွေ့မြင်နိုင်တယ်။—ယော. ၆:၁၄။
^ အပိုဒ်၊ 11 ပင်လယ်ရေ မျက်နှာပြင်အောက် ပေ ၇၀၀ လောက်နိမ့်တဲ့ ဂါလိလဲ ကမ်းခြေကနေ ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၁,၁၅၀ လောက်မြင့်တဲ့ ကြည်နူးစရာ သဘာ၀ရှုခင်းတွေကို ဖြတ်သန်းပြီး မိုင် ၃၀ ခရီးနှင်ခဲ့ကြတယ်။