မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေးအဖွဲ့ဆီက စာ

အုပ်ချုပ်ရေးအဖွဲ့ဆီက စာ

ချစ်​ရ​တဲ့ ညီ​အစ်​ကို ညီ​အစ်​မတို့၊

၂၀၀​၈ ခု​နှစ်၊ ဇ​န်​န​ဝါ​ရီ ၁ ရက်​ထုတ် က​နေ​စ​ပြီး လူ​ထု​ကို​ဝေ​ငှ​တဲ့ ကင်းမျှော်စင် မှာ “သူတို့​ရဲ့ ယုံ​ကြည်​ခြင်း​ကို တု​ပ​ပါ” ဆို​တဲ့ သိပ်​ကောင်း​တဲ့ ဆောင်း​ပါး​တွေ ပါ​လာ​ခဲ့​ပါ​တ​ယ်။ သုံးလ​တစ်​ကြိမ် ပါ​လာ​တဲ့ အဲဒီ​ဆောင်း​ပါး​တွေ​ကို ကျွန်​တော်​တို့ သဘော​ကျ​ခဲ့​ကြ​ပါ​တ​ယ်။

စာ​ဖတ်​သူ​တွေ ဘယ်​လို တုံ့ပြန်​ခဲ့​ကြ​ပါ​သလဲ။ ညီ​အစ်​မ​တစ်​ယောက်​က မာ​သ​အကြောင်း ဖတ်​ပြီး​နောက် ခု​လို စာ​ရေး​တ​ယ်– “ဒီ​ဆောင်း​ပါး​ကို​ဖတ်​ပြီး ကျွန်​မ ရ​ယ်​မိ​တ​ယ်။ ကျွန်​မ​က မာသနဲ့ တူနေလို့​ပါ။ ကောင်း​ကောင်း​ဧည့်​ဝတ်​ပြု​ချင်​စိတ်​နဲ့ ကျွန်​မ အလုပ်​များ​နေ​တတ်​တ​ယ်။ လုပ်​စ​ရာ​တွေ ခဏ​ထား​ပြီး မိတ်ဆွေ​တွေ​နဲ့ ပျော်​ပျော်​ရွှင်​ရွှင် ပေါင်း​သင်း​ဖို့ မေ့​နေ​တတ်​တ​ယ်။” ဆယ်ကျော်​သက်​အရွယ် နောက်​ညီ​အစ်​မ​ငယ်​တစ်​ယောက်​က ဧ​သ​တာ​ဇာတ်​လမ်း​ကို ဖတ်​ပြီး ခုလိုပြော​တ​ယ်– “ကျွန်​မတို့​က အဝတ်​အစား​တွေ၊ နောက်​ဆုံး​ပေါ် ဖက်​ရှင်​တွေ​ကို အလွန်အကျွံ အာ​ရုံ​စိုက်​မိ​သွား​နိုင်​တ​ယ်။ ကောင်း​ကောင်း​မွန်​မွန် ဝတ်​စား​ဖြီး​လိမ်း​သင့်​တာ မှန်​ပေမဲ့ တစ်​ဖက်​စွန်းတော့ မ​ရောက်​သင့်​ဘူး။” သူ ခု​လို​လ​ည်း ဆ​က်​ပြော​တ​ယ်– “ယေဟောဝါ​ဘုရား​က အတွင်း​လူ​ကို အာ​ရုံ​စိုက်​တ​ယ်။” တမန်​တော်​ပေတရု​နဲ့ ပတ်​သက်​တဲ့ ဆောင်း​ပါး​ဖတ်​ပြီး​တဲ့​နောက် ညီ​အစ်​မ​တစ်​ယောက် ခု​လို​ပြော​ခဲ့​တ​ယ်– “ဇာတ်​လမ်း​ထဲ​မှာ ကျွန်​မ လုံး​ဝ​နစ်​မျော​သွား​တ​ယ်။ ကျွန်​မ ကိုယ်​တိုင် ပါ​ဝင်​နေ​ရ​သလို​ပဲ။ အပိုဒ်​တွေ​ထဲ​မှာ မသိ​မ​သာ​လေး​ပဲ ဖော်​ပြ​ထား​တာ​တွေ​ကို ကျွန်​မ လိုက်​ခံစား​ကြည့်​နေ​မိ​တ​ယ်။”

ဒီ​ဆောင်း​ပါး​တွေ​ကို​ဖတ်​ပြီး ကျေး​ဇူး​တင်​ကြောင်း စာ​ရေး​ကြ​တဲ့ သူတို့​တွေ​နဲ့ တ​ခြား​သူ​အများ​ကြီး​က “ကျမ်းစာမှာ ကြိုတင်​ရေးထားသမျှ​ဟာ ကျွန်တော်တို့ကို သွန်သင်​ဆုံးမ​ဖို့ ဖြစ်တယ်” ဆိုတဲ့ တမန်​တော်​ပေါလု ရေး​သား​ခဲ့​တဲ့ အချက်​ကို ထောက်​ခံ​ကြ​ပါ​တ​ယ်။ (ရော. ၁၅:၄) အမှန်ပါပဲ၊ ယေဟောဝါ​ဘုရား​က ကျွန်​တော်​တို့​ကို အဖိုး​တန်​သင်​ခန်း​စာ​တွေ ပေး​ချင်​လို့ ခုလို​ဇာတ်​လမ်း​တွေ​ကို ကျမ်း​စာ​မှာ ဖော်​ပြ​ထား​တာ​ပါ။ ဒါ​ကြောင့် အမှန်​တရား​သိ​ခဲ့​တာ ဘယ်​လောက်​ပဲ​ကြာ​ပါ​စေ ကျွန်​တော်​တို့​အားလုံး ဒီ​ဇာတ်​လမ်း​တွေ​က​နေ သင်​ယူ​နိုင်​ပါ​တ​ယ်။

ဒီ​စာ​အုပ်​ကို အမြန်​ဆုံး​စ​ဖတ်​ဖို့ အား​ပေး​ချင်​ပါ​တ​ယ်။ သင်​တို့ရဲ့ မိ​သား​စု​ဝတ်​ပြု​မှု​မှာ ထည့်​လေ့လာ​ပါ။ က​လေး​တွေ​လ​ည်း ကြိုက်​ကြ​ပါ​လိမ့်​မ​ယ်။ အသင်း​တော် ကျမ်း​စာ​လေ့​လာ​မှု​မှာ ဒီစာအုပ်​ကို လေ့​လာ​တဲ့​အခါ တစ်​ပတ်​မှ မလွတ်​ပါ​စေ​နဲ့။ ဒီ​စာ​အုပ်​ကို အချိန်​ပေး​ပြီး ဖြည်း​ဖြည်း​ဖတ်​သွား​ပါ။ သင့်​ရဲ့ စိတ်​ကူး​နိုင်​စွမ်း​ကို​သုံး​ပြီး မြင်​ယောင်​ကြည့်​ပါ။ ကျမ်း​စာ​ဇာတ်​ကော​င်​တွေ ခံစား​သလို ခံစား​ကြည့်​ပါ၊ သူတို့​မြင်​တာ​ကို လိုက်​မြင်​ကြည့်​ဖို့ ကြိုး​စား​ပါ။ ကြုံ​တွေ့ခဲ့​တဲ့ အခြေအနေ​ကို သူတို့​တုံ့​ပြန်​ခဲ့​ပုံ​နဲ့ ကိုယ် တုံ့​ပြန်​မ​ယ့်​ပုံ​ကို နှိုင်း​ယှဉ်​ကြည့်​ပါ။

ဒီ​စာ​အုပ်​ကို ထုတ်​ဝေ​ရ​လို့ ကျွန်​တော်​တို့ သိပ်​ဝမ်း​သာ​ပါ​တ​ယ်။ ဒီ​စာ​အုပ်​က​နေ သင်​တို့နဲ့ သင့်​တို့ရဲ့​မိသားစု​တွေ အကျိုး​အပြည့်​အဝ ရ​ရှိ​ပါ​စေ။ မေတ္တာ​အပြည့်​နဲ့ နှုတ်​ခွန်း​ဆ​က်​သ​လိုက်​ပါ​တ​ယ်။

ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့