မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀

စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လို ခွဲခြားသိမြင်နိုင်မလဲ

စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လို ခွဲခြားသိမြင်နိုင်မလဲ

၁။ စစ်မှန်တဲ့​ဝတ်ပြုရေး​က တစ်ခုတည်း​ပဲ ရှိ​သလား။

“ပရောဖက် အတုအယောင်​တွေကို သတိထား​ပါ။” —မဿဲ ၇:၁၅

စစ်မှန်တဲ့​ဝတ်ပြုရေး​က တစ်ခုတည်း​ပဲ​ရှိတယ်လို့ နောက်လိုက်​တွေကို ယေရှု ပြောခဲ့တယ်။ အဲဒီ​ဝတ်ပြုရေး​က ထာဝရ​အသက်​လမ်း​ကို ဦးတည်​တဲ့ လမ်း​တစ်​လမ်း​နဲ့ တူ​တယ်။ အဲဒီ​လမ်း​ကို “ရှာ​တွေ့​သူတွေ နည်း​တယ်” လို့ ယေရှု ပြောခဲ့တယ်။ (မဿဲ ၇:၁၄) ကျမ်းစာ​အပေါ် အခြေခံ​တဲ့ ဝတ်ပြုရေး​ကိုပဲ ဘုရား​သခင် လက်ခံ​ပါတယ်။ အဲဒီ​ဝတ်ပြုရေး​မှာ ပါဝင်တဲ့​သူ​အားလုံး ယုံကြည်ခြင်း​တစ်မျိုးတည်း​နဲ့ စည်းလုံး​နေကြ​ပါတယ်။​—ယောဟန် ၄:၂၃၊ ၂၄။ ၁၄:၆။ ဧဖက် ၄:၄၊ ၅ တို့ကိုဖတ်ပါ။

စစ်မှန်တဲ့​ဝတ်ပြုရေး​က တစ်ခုတည်း​ပဲ ရှိ​သလား ဗီဒီယိုကိုကြည့်ပါ။

၂။ ခရစ်ယာန်​အတုအယောင်​တွေအကြောင်း ယေရှု ဘာ​ပြောခဲ့​သလဲ။

“ဘုရား​သခင်​ကို သိတယ်​လို့ လူ​ကြား​ကောင်း​အောင် ပြော​ပေ​မဲ့ သူတို့ရဲ့ လုပ်ရပ်​က​တော့ ဘုရား​သခင်​ကို ငြင်းပယ်​တယ်။” —တိတု ၁:၁၆

လူတွေ​ကို အမှားတွေ သွန်သင်​မယ့်​သူ​တချို့ ခရစ်ယာန်ဘာသာ​ထဲက​နေ ပေါ်လာ​မယ်လို့ ယေရှု သတိပေး​ခဲ့တယ်။ သူတို့ရဲ့​ပုံစံကို ကြည့်​လိုက်ရင် စစ်မှန်တဲ့​ခရစ်ယာန်​တွေလို​ပါပဲ။ သူတို့ရဲ့ အခြေအနေမှန်​ကို ဘယ်လိုနည်းနဲ့ ခွဲခြားသိမြင်​နိုင်မလဲ။ ဘုရား​သခင်​လက်ခံ​တဲ့ စစ်မှန်တဲ့​ဝတ်ပြုရေး​တစ်ခုတည်း​က​ပဲ ခရစ်ယာန်စစ်​ တွေကို ထွက်ပေါ်​လာ​စေ​ပါတယ်။ သူတို့ရဲ့​အရည်အသွေး​တွေနဲ့ လုပ်ရပ်​တွေကို​ကြည့်ပြီး သူတို့ဟာ ခရစ်ယာန်စစ်​တွေ ဟုတ်မဟုတ်​ဆိုတာ ခွဲခြားသိမြင်​နိုင်တယ်။​—မဿဲ ၇:၁၃-၂၃ ကိုဖတ်ပါ။

၃။ စစ်မှန်တဲ့​ဝတ်ပြုရေး​မှာ ပါဝင်တဲ့​သူတွေ​ကို ဘယ်လို​ခွဲခြား​နိုင်မလဲ။

အသွင်အပြင်​ငါးမျိုးနဲ့ ခွဲခြားသိမြင်​နိုင်ပါတယ်–

  • စစ်မှန်တဲ့ ဝတ်ပြုသူတွေ​ဟာ ကျမ်းစာကို ဘုရားသခင့်​စကားတော်​အဖြစ် လေးမြတ်​ကြ​တယ်။ ကျမ်းစာ​မူတွေ​နဲ့အညီ နေထိုင်​ဖို့ သူတို့ ကြိုးစား​ကြ​တယ်။ ဒါကြောင့် စစ်မှန်တဲ့​ဝတ်ပြုရေး​ဟာ လူ့​အတွေးအခေါ်​တွေ​အပေါ် အခြေခံ​တဲ့ ဝတ်ပြုရေး​တွေနဲ့ ကွဲပြားခြားနား​တာ​ဖြစ်တယ်။ (မဿဲ ၁၅:၇-၉) စစ်မှန်တဲ့​ဝတ်ပြုသူတွေ​ဟာ အပြော​တစ်မျိုး၊ အလုပ်​တစ်မျိုး မ​လုပ်ကြ​ဘူး။​—ယောဟန် ၁၇:၁၇။ ၂ တိမောသေ ၃:၁၆၊ ၁၇ တို့ကိုဖတ်ပါ။

  • ဘုရားသခင့်နာမည် ယေဟောဝါ​ကို ဂုဏ်တင်​ကြ​တယ်။ ယေရှုဟာ လူတွေ​ကို ဘုရားသခင်ရဲ့​နာမည် ကြားသိစေခြင်း​အားဖြင့် ဂုဏ်တင်​ခဲ့တယ်။ ဘုရား​သခင်​အကြောင်း လူတွေ သိ​လာအောင် ကူညီ​ပေးခဲ့​ပြီး ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်​စေဖို့ ဆုတောင်း​ကြပါ​လို့လည်း သွန်သင်ပေး​ခဲ့တယ်။ (မဿဲ ၆:၉) သင့် ဒေသ​မှာ ဘယ်​ဝတ်ပြုရေး​အဖွဲ့​က ဘုရားသခင့်နာမည်​သိအောင် ကူညီပေး​နေ​ပါသလဲ။​—ယောဟန် ၁၇:၂၆ရောမ ၁၀:၁၃၊ ၁၄ တို့ကိုဖတ်ပါ။

  • ဘုရားသခင့်​နိုင်ငံ​တော်​အကြောင်း ဟောပြော​ကြ​တယ်။ ဘုရားသခင့်​နိုင်ငံ​တော်​သတင်းကောင်း ဟောပြော​ဖို့ ယေရှု​ကို ဘုရား​သခင် စေလွှတ်​လိုက်တယ်။ ဘုရားသခင့်​နိုင်ငံ​တော်​က လူသားတွေ​ရဲ့ တစ်ခုတည်း​သော မျှော်လင့်ချက်​ပဲ။ ယေရှုဟာ အဲဒီ​နိုင်ငံ​တော်​အကြောင်းကို သေဆုံး​ခါနီး​အချိန်​အထိ ပြော​သွားတယ်။ (လုကာ ၄:၄၃။ ၈:၁။ ၂၃:၄၂၊ ၄၃) ဘုရားသခင့်​နိုင်ငံ​တော်​အကြောင်းကို နောက်လိုက်​တွေ ဟောပြော​ကြ​လိမ့်မယ်​ ဆိုပြီး​တော့​လည်း ပြောခဲ့တယ်။ သင့်ကို တစ်ယောက်ယောက်​က ဘုရားသခင့်​နိုင်ငံ​တော်​အကြောင်း ပြောပြ​ရင် သူ​ဟာ ဘယ်​ဝတ်ပြုရေး​အဖွဲ့​က ဖြစ်နိုင်​ပါသလဲ။​—မဿဲ ၂၄:၁၄ ကိုဖတ်ပါ။

  • ဆိုးညစ်​တဲ့​လောက​နဲ့ မပတ်သက်​ကြဘူး။ သူတို့ဟာ နိုင်ငံရေး ဒါမှမဟုတ် လူမှုရေး ပဋိပက္ခ​တွေမှာ မ​ပါဝင်​ကြဘူး။ (ယောဟန် ၁၇:၁၆။ ၁၈:၃၆) ဒီ​လောကရဲ့ အန္တရာယ်ရှိတဲ့ အမူအကျင့်​တွေ၊ သဘောထား​တွေကိုလည်း အတု​မယူ​ကြဘူး။​—ယာကုပ် ၄:၄ ကိုဖတ်ပါ။

  • အချင်းချင်း မေတ္တာနဲ့ ပြောဆိုဆက်ဆံ​ကြ​တယ်။ လူမျိုးနွယ်​စု​အသီးသီး​က​ လူတွေ​ကို လေးစားဖို့ ကျမ်းစာက​နေ သင်ယူ​ကြ​တယ်။ မှားယွင်းတဲ့​ဝတ်ပြုရေး​တွေ​က စစ်ပွဲတွေကို ထောက်ခံအားပေး​တတ်ကြ​ပေ​မဲ့ ခရစ်ယာန်စစ်​တွေကတော့ အဲဒီလို​မ​လုပ်ကြ​ဘူး။ (မိက္ခာ ၄:၁-၃) ခရစ်ယာန်စစ်​တွေဟာ တခြား​သူတွေ​ကို ကူညီ​ထောက်မ​ဖို့ ကိုယ့်ရဲ့​အချိန်​နဲ့ ခွန်အားကို ကိုယ်ကျိုးမ​ငဲ့​ဘဲ အသုံးပြုကြတယ်။​—ယောဟန် ၁၃:၃၄၊ ၃၅။ ၁ ယောဟန် ၄:၂၀ တို့ကိုဖတ်ပါ။

၄။ စစ်မှန်တဲ့​ဝတ်ပြုရေး​ကို သင် ခွဲခြား​နိုင်​ပါသလား။

သမ္မာကျမ်းစာ​အပေါ် အခြေခံပြီး သွန်သင်၊ ဘုရားသခင့်​နာမည်ကို ဂုဏ်တင်​ပြီး လူသားတွေ​ရဲ့ တစ်ခုတည်း​သော မျှော်လင့်ချက်​အဖြစ် ဘုရားသခင့်​နိုင်ငံ​တော်​အကြောင်း ဟောပြော​နေတဲ့​အဖွဲ့​က ဘယ်​အဖွဲ့​ဖြစ်​မ​လဲ။ ဒါ့အပြင် မေတ္တာကို လက်တွေ့ကျ​င့်​ပြီး စစ်ပွဲတွေ​မှာ မပါ​ဝင်​တဲ့​အဖွဲ့​က​ကော ဘယ်​အဖွဲ့​ဖြစ်​မ​လဲ။​—၁ ယောဟန် ၃:၁၀-၁၂ ကိုဖတ်ပါ။