သတိနဲ့ စောင့်နေကြပါ
ဘယ်သူ့ကို ယုံကြည်အားကိုးနိုင်သလဲ—ကျမ်းစာအဆိုက ဘာလဲ
ကိုယ်ယုံကြည်အားကိုးတဲ့သူကို ယုံကြည်လို့ မရမှန်း သိသွားတဲ့အခါ စိတ်ပျက်ရတယ်။ ဥပမာ၊
နိုင်ငံရေးသမားတွေက ပြည်သူတွေအကျိုးထက် ကိုယ့်အကျိုးကို ရှာတဲ့အခါ
သတင်းမီဒီယာတွေက ဘက်လိုက်တဲ့ သတင်းတွေ၊ သတင်းမှားတွေ တင်ဆက်တဲ့အခါ
သိပ္ပံပညာရှင်တွေက လူထုအကျိုးအတွက် မလုပ်ဆောင်ပေးတဲ့အခါ
ဘာသာရေးခေါင်းဆောင်တွေက ဘုရားတရားလုပ်မယ့်အစား နိုင်ငံရေးဘက်မှာပဲ ပါဝင်ပတ်သက်နေတာတွေကို မြင်ရတဲ့အခါ
လူတွေ အယုံအကြည် ပျက်သွားကြတယ်။ ဘယ်သူ့ကို ယုံကြည်အားကိုးမလဲဆိုတာ သတိထား ရွေးချယ်သင့်ပါတယ်။ သမ္မာကျမ်းစာမှာ ဒီလို သတိပေးထားတယ်–
“လူတို့၏ခေါင်းဆောင်များကို မကိုးစားကြနှင့်။ အဘယ်လူသားမျှ သင်တို့ကို မကယ်တင်နိုင်။”—ဆာလံ ၁၄၆:၃၊ ခေတ်သုံးမြန်မာသမ္မာကျမ်း။
သင် ယုံကြည်အားကိုးနိုင်သူ
သင် ယုံကြည်အားကိုးနိုင်တဲ့သူ ရှိတယ်လို့ ကျမ်းစာ ဆိုတယ်။ ယေရှုခရစ်ပါပဲ။ ယေရှုဟာ လွန်ခဲ့တဲ့ အနှစ် နှစ်ထောင်ခန့်က အသက်ရှင်ခဲ့တဲ့ လူကောင်းတစ်ယောက်လောက်ပဲ မဟုတ်ဘူး။ ဘုရားသခင်က ယေရှုကို ဘုရင်အဖြစ် ခန့်အပ်တယ်။ ယေရှုဟာ “ထာဝစဉ် အုပ်စိုးလိမ့်မယ်။ သူ့ရဲ့အုပ်ချုပ်မှုဟာ အဆုံးတိုင်မှာ မဟုတ်ဘူး။” (လုကာ ၁:၃၂၊ ၃၃) ကောင်းကင်မှာ တည်ထောင်ထားတဲ့အစိုးရဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်မှာ ယေရှုက ဘုရင်အဖြစ် အခု အုပ်ချုပ်နေပါတယ်။—မဿဲ ၆:၁၀။
ယေရှုခရစ်ကို ဘာကြောင့် ယုံကြည်အားကိုးနိုင်သလဲဆိုတာ သိချင်ရင် “ဘုရားသခင့်နိုင်ငံတော် ဘုရင်က ဘယ်သူလဲ” နဲ့ “ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ဆောင်ပေးမလဲ” ဆောင်းပါးကို ဖတ်ပါ။