မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုရဲ့ အသက်ပေးစွန့်လွှတ်မှုကနေ အကျိုးရနိုင်ပုံ

ယေရှုရဲ့ အသက်ပေးစွန့်လွှတ်မှုကနေ အကျိုးရနိုင်ပုံ

 နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေနဲ့ သန်းနဲ့ချီတဲ့ ဧည့်သည်တွေက ယေရှုမှာကြားခဲ့တဲ့အတိုင်း ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်ကြတယ်။ (လုကာ ၂၂:၁၉) အဲဒီပွဲကို တက်ရောက်တဲ့အခါ လူသားတွေအတွက် ယေရှု ဘာကြောင့် အသက်ပေးဖို့လိုသလဲ၊ ယေရှုရဲ့အသက်ပေးစွန့်လွှတ်မှုကြောင့် ကျွန်တော်တို့ အခုရော အနာဂတ်မှာပါ ဘယ်လိုအကျိုးရသလဲဆိုတာ နားလည်လာတယ်။—ယောဟန် ၃:၁၆

 ဒီနှစ် အောက်မေ့ရာပွဲကို တက်ရောက်နိုင်သည်ဖြစ်စေ၊ မတက်ရောက်နိုင်သည်ဖြစ်စေ ယေရှုရဲ့သေခြင်းကနေ ဘယ်လိုအကျိုးရနိုင်သလဲ။ လုပ်ဆောင်ရမယ့် အရေးကြီးအချက်နှစ်ချက်ကို ယေရှု ပြောပြတယ်။

  1.  ၁။ ဘုရားသခင်နဲ့ ယေရှုအကြောင်း လေ့လာပါ။ ကောင်းကင်ဘုံစံ အဖဆီ ဆုတောင်းတုန်းက ယေရှု အခုလိုဆိုတယ်– “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်။”—ယောဟန် ၁၇:၃

  2.  ၂။ လေ့လာသိရှိတဲ့အတိုင်း လုပ်ဆောင်ပါ။ သွန်သင်ပေးချက်တွေကို ဘဝမှာ လက်တွေ့ကျင့်သုံးရမယ်လို့ ယေရှု အလေးပေးဖော်ပြခဲ့တယ်။ ဥပမာ၊ နာမည်ကြီး တောင်ပေါ်တရားတော်ကို ဟောတုန်းက “ပြောသမျှကို နားထောင်ပြီး လက်တွေ့ကျင့်တဲ့သူ” တွေကို ချီးမွမ်းတဲ့စကားနဲ့ နိဂုံးချုပ်ခဲ့တယ်။ (လုကာ ၆:၄၆-၄၈) နောက်တစ်ကြိမ်မှာလည်း “ဒါတွေကို ခင်ဗျားတို့ သိထားပြီဆိုတော့ သိတဲ့အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ ပြောခဲ့တယ်။—ယောဟန် ၁၃:၁၇

 သင်ကော ဘုရားသခင်နဲ့ယေရှုအကြောင်း လေ့လာချင်သလား။ သင်ယူသိရှိထားတာကို ဘယ်လိုလက်တွေ့ကျင့်ရမလဲဆိုတာ သိချင်သလား။ အကြံပြုချက်တချို့ကို ဖော်ပြလိုက်ပါတယ်။

ကျမ်းစာလေ့လာမှုအစီအစဉ်

 အခမဲ့ ကျမ်းစာလေ့လာမှုအစီအစဉ်ကြောင့် လူများစွာက ကျမ်းစာကို ပိုသိလာပြီး ကျမ်းစကားတွေကို ဘဝမှာ ဘယ်လိုလက်တွေ့ကျင့်ရမယ်ဆိုတာ သဘောပေါက်လာတယ်။

  •   ဒီအစီအစဉ်အကြောင်း ပိုသိချင်ရင် ကျမ်းစာ သင်ပေးသူနဲ့အတူ လေ့လာသင်ယူပါ ဆိုတဲ့ စာမျက်နှာကို ဖတ်ကြည့်ပါ။

  •   ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာမှုက ဘယ်လိုပုံစံမျိုးလဲဆိုတာသိဖို့ ကျမ်းစာလေ့လာဖို့ ဖိတ်ခေါ်ပါတယ် ဗီဒီယိုကို ကြည့်ပါ။

ယေဟောဝါသက်သေများရဲ့ အစည်းအဝေးများ

 နိုင်ငံတော်ခန်းမလို့ ခေါ်တဲ့ ဝတ်ပြုရာနေရာမှာ ယေဟောဝါသက်သေတွေ တစ်ပတ် နှစ်ကြိမ် အတူစုဝေးကြတယ်။ အစည်းအဝေးတွေမှာ ကျမ်းစာအကြောင်း၊ ကျမ်းစာသွန်သင်ချက်တွေကို ဘဝမှာ လက်တွေ့ကျင့်သုံးနိုင်ပုံအကြောင်း ဆွေးနွေးကြတယ်။

 အစည်းအဝေးတွေကို လူတိုင်း တက်လို့ရတယ်။ ယေဟောဝါသက်သေမဟုတ်လည်း တက်လို့ရတယ်။ ဒေသအခြေအနေပေါ်မူတည်ပြီး လူကိုယ်တိုင် တက်ရောက်နိုင်သလို ဗီဒီယိုချိတ်ဆက်မှုနဲ့လည်း တက်ရောက်နိုင်တယ်။

  •   အစည်းအဝေးတွေအကြောင်း သိချင်ရင် နိုင်ငံတော်ခန်းမမှာ ဘာတွေလုပ်ဆောင်ကြသလဲ ဗီဒီယိုကို ကြည့်ပါ။

အွန်လိုင်းဆောင်းပါးနဲ့ ဗီဒီယိုများ

 ဒီဝက်ဘ်ဆိုက်ထဲက ဆောင်းပါး၊ ဗီဒီယိုများစွာက သင့်ကို ယေရှုရဲ့သွန်သင်ချက်တွေအကြောင်း၊ ယေရှုရဲ့အသက်ပေးစွန့်လွှတ်မှုကြောင့် ရရှိတဲ့ အကျိုးကျေးဇူးတွေအကြောင်း ပိုသိဖို့ ကူညီပေးနိုင်တယ်။

 ဥပမာ၊ လူတစ်ယောက်ရဲ့သေခြင်းက လူသန်းပေါင်းများစွာကို ဘယ်လိုနည်းနဲ့ အကျိုးပြုသလဲဆိုတာ သိချင်ရင် “ယေရှု ဘယ်လို ကယ်တင်သလဲ” ဆောင်းပါးနဲ့ “ယေရှုဘာကြောင့် ဆင်းရဲဒုက္ခခံပြီး အသက်ပေးဆက်ခဲ့တာလဲ” ဆောင်းပါးကို ဖတ်ပါ။ ဒါမှမဟုတ် “ယေရှု ဘာကြောင့် သေရသလဲ” ဗီဒီယိုကို ကြည့်ပါ။