သတိနဲ့ စောင့်နေကြပါ
လူမျိုးရေး တန်းတူညီမျှမှု ရဖို့ဆိုတာ အိပ်မက်လောက်ပဲလား—ကျမ်းစာအဆိုက ဘာလဲ
လူမျိုးရေး တန်းတူညီမျှမှု ရဖို့ဆိုတာ ဘယ်တော့မှဖြစ်မလာနိုင်တဲ့ အိပ်မက်ပါပဲလို့ လူများစွာ ယူဆကြတယ်။
“လူမျိုးရေး ခွဲခြားဆက်ဆံမှုဟာ ကမ္ဘာ့တစ်ဝန်းက လူ့အဖွဲ့အစည်းတွေ၊ လူ့အသိုင်းအဝိုင်းတွေကို အဆိပ်အတောက်လို နေ့စဉ်နဲ့အမျှ ထိခိုက်နေတယ်။ လူမျိုးရေး ခွဲခြားမှုကြောင့် လူလူချင်း မမျှမတ ဆက်ဆံမှုတွေ ဆက်တိုက်ဖြစ်နေတာပါ။”—အန်တိုနီရို ဂူတာရက်စ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်။
လူမျိုးရေး တန်းတူညီမျှမှု ရှိလာနိုင်ပါ့မလား။ ကျမ်းစာအဆိုက ဘာလဲ။
လူမျိုးရေး တန်းတူညီမျှမှုနဲ့ပတ်သက်ပြီး ဘုရားသခင့်အမြင်
လူမျိုးမတူသူတွေကို ဘုရား ဘယ်လိုရှုမြင်သလဲဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။
“ဘုရားသခင်က လူတစ်ဦးတည်းကနေ လူအမျိုးမျိုးကို ဖန်ဆင်းပြီး မြေတစ်ပြင်လုံးမှာ နေထိုင်စေတယ်။”—တမန်တော် ၁၇:၂၆။
“ဘုရားသခင် မျက်နှာမလိုက်မှန်း ကျွန်တော် ကောင်းကောင်း သဘောပေါက်သွားပြီ။ ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့နှစ်သက်လက်ခံမှုကို ရတာပဲ။”—တမန်တော် ၁၀:၃၄၊ ၃၅။
လူသားအားလုံးဟာ မိသားစုတစ်စုတည်းက လူတွေဖြစ်ပြီး ဘုရားသခင်က ဘယ်လူမျိုးကိုမဆို လက်ခံတယ်လို့ ကျမ်းစာ ဖော်ပြတယ်။
လူမျိုးရေး တန်းတူညီမျှမှု ဘယ်လို ရနိုင်မလဲ
ဘုရားသခင့်နိုင်ငံတော် အစိုးရ အုပ်ချုပ်မှုအောက်မှာ လူအားလုံး အခွင့်အရေး တန်းတူညီမျှ ရရှိကြမယ်။ အဲဒီအစိုးရက လူတွေကို အချင်းချင်း မျှမျှတတ ဆက်ဆံနိုင်ပုံ၊ လူမျိုးရေး ခွဲခြားဆက်ဆံတဲ့စိတ်ကို ဖျောက်ပစ်နိုင်ပုံကို သင်ပေးမယ်။
“ပြည်သူပြည်သားတွေက ဖြောင့်မတ်ခြင်းအကြောင်း သင်ယူကြတယ်။”—ဟေရှာယ ၂၆:၉။
“စစ်မှန်တဲ့ ဖြောင့်မတ်မှုကြောင့် ငြိမ်းချမ်းလာမယ်။ စစ်မှန်တဲ့ ဖြောင့်မတ်မှုရဲ့ အသီးအပွင့်တွေက တည်မြဲတဲ့ အေးချမ်းမှုနဲ့ လုံခြုံမှုပဲ။”—ဟေရှာယ ၃၂:၁၇။
ဒီနေ့အချိန်မှာ သန်းနဲ့ချီတဲ့သူတွေဟာ တခြားသူတွေကို လေးလေးစားစား၊ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံနိုင်ပုံကို ကျမ်းစာကနေ သင်ယူနေကြပါတယ်။
ပိုသိနိုင်ဖို့ “မလိုမုန်းထားမှု မရှိတော့မယ့် အချိန် ရောက်လာပါဦးမလား” ခေါင်းစဉ်ရှိတဲ့ နိုးလော့! မဂ္ဂဇင်းကို ဖတ်ပါ။
“လူမျိုးရေး ခွဲခြားမှုအကြောင်း သားသမီးတွေကို ပြောပြခြင်း” ဆောင်းပါးကို ဖတ်ပါ။