သက်ဝင်ယုံကြည်ပါ၊ ပညာရှိစွာ ဆုံးဖြတ်ပါ
“ယုံမှားသံသယ လုံးဝမရှိဘဲ ယုံကြည်ခြင်းနှင့် ဆက်၍တောင်းလျှောက်ပါ။”— ယာ. ၁:၆။
၁။ ကာဣနရဲ့ ပညာရှိရှိ ဆုံးဖြတ်နိုင်စွမ်းကို ဘာက ထိခိုက်ခဲ့သလဲ။ ဘာရလဒ် ရရှိခဲ့သလဲ။
ကာဣန ရွေးချယ် ဆုံးဖြတ်ရတော့မယ်။ အပြစ်ကို အနိုင်ယူမလား။ ခံစားချက်ကို ရှေ့တန်းတင်မလား။ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ အကျိုးဆက်ကို တစ်သက်လုံး ခံစားသွားရမယ်။ ကာဣန ဘယ်လို ဆုံးဖြတ်ခဲ့မှန်း သိကြပါတယ်။ ရွေးချယ်မှု မမှန်ခဲ့ဘူး။ သူ့ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်ကြောင့် သစ္စာရှိညီ အာဗေလ သေဆုံးခဲ့ရတယ်။ ကာဣနရဲ့ ဆုံးဖြတ်ချက်က ဖန်ဆင်းရှင်နဲ့ ဆက်ဆံရေးကို ထိခိုက်ခဲ့တယ်။—က. ၄:၃-၁၆။
၂။ ပညာရှိစွာ ရွေးချယ်နိုင်စွမ်းက ဘယ်လောက် အရေးကြီးသလဲ။
၂ ကျွန်တော်တို့လည်း ရွေးချယ်ဆုံးဖြတ်ကြရတယ်။ ဆုံးဖြတ်ချက်တိုင်း သေရေးရှင်ရေးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဆုံးဖြတ်ချက်များစွာက ကျွန်တော်တို့အပေါ် အကြီးအကျယ် အကျိုးသက်ရောက်နိုင်တယ်။ ဆုံးဖြတ်ချက်ကောင်း ချနိုင်စွမ်းက ဘဝမှာ ဒုက္ခသုက္ခ၊ ပြဿနာ၊ စိတ်ပျက်စရာတွေ မရှိဘဲ အေးချမ်းငြိမ်သက်စွာ အသက်ရှင်ဖို့ ကူညီပေးနိုင်တယ်။—သု. ၁၄:၈။
၃။ (က) ပညာရှိစွာ ဆုံးဖြတ်နိုင်ဖို့ ဘာတွေကို ယုံကြည်သင့်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
၃ ပညာရှိစွာ ဆုံးဖြတ်နိုင်ဖို့ ဘာက ကူညီပေးမလဲ။ ဘုရားသခင်ကို ယုံကြည်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ ပညာရှိအောင် ကူညီပေးချင်စိတ်၊ ကူညီပေးယာကုပ် ၁:၅-၈ ကိုဖတ်ပါ။) ဘုရားသခင်နဲ့ ရင်းနှီးလာပြီး ကျမ်းစာကို နှစ်သက်မြတ်နိုးလာလေ ဘုရားရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်လာလေပဲ။ ဒီလိုနဲ့ ဆုံးဖြတ်ချက် မချခင် ကျမ်းစာမှာ ရှာဖွေလေ့လာတဲ့အကျင့် ရလာပါလိမ့်မယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ဘယ်လို တိုးတက်စေနိုင်သလဲ။ ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်အတိုင်း လုပ်ရတော့မယ်လို့ ဆိုလိုသလား။
နိုင်စွမ်းရှိခြင်းအပေါ် သံသယမဖြစ်ရဘူး။ ယေဟောဝါရဲ့ စကားတော် ကျမ်းစာ၊ ကိုယ်တော့်လုပ်ဆောင်ပုံနည်းလမ်း၊ ကျမ်းစာအကြံဉာဏ်တွေကိုလည်း ယုံကြည်ကိုးစားရမယ်။ (ဘဝမှာ ဆုံးဖြတ်ချက်ချဖို့ လိုအပ်
၄။ အာဒံ ဘာဆုံးဖြတ်ခဲ့ရသလဲ။ ဘာအကျိုးဆက်ရရှိခဲ့သလဲ။
၄ လူ့သမိုင်းအစကတည်းက အရေးကြီးဆုံးဖြတ်ချက်တွေ ချခဲ့ရတယ်။ အာဒံဟာ ဖန်ဆင်းရှင်ရဲ့ စကားကို နားထောင်မလား၊ ဧဝရဲ့ စကားကို နားထောင်မလားဆိုတာ ဆုံးဖြတ်ခဲ့ရတယ်။ သူ့ဆုံးဖြတ်ချက်ကို ဘယ်လို ထင်သလဲ။ ပညာမဲ့စွာ ဆုံးဖြတ်ဖို့ ဧဝ ဩဇာလွှမ်းမိုးခဲ့တဲ့အတွက် ပရဒိသုကနေ မောင်းထုတ်ခံရပြီး အသက်ပါ ဆုံးၡုံးခဲ့ရတယ်။ အဲဒီဆိုးကျိုးက အစပဲ ရှိသေးတယ်။ အာဒံ့ ဆုံးဖြတ်ချက်အမှားကြောင့် ကျွန်တော်တို့အားလုံး ဒုက္ခခံစားနေကြရတယ်။
၅။ ဆုံးဖြတ်ဖို့ လိုအပ်တာကို ဘယ်လို သဘောထားသင့်သလဲ။
၅ ဆုံးဖြတ်ချက်တွေ ချမနေရရင် ဘဝဟာ ပိုပျော်စရာကောင်းမယ်လို့ တချို့ ထင်ကြတယ်။ သင် အဲဒီလို ထင်သလား။ ယေဟောဝါက လူတွေကို စဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိတဲ့ စက်ရုပ်လို မဖန်ဆင်းခဲ့မှန်း သတိရပါ။ တကယ်တော့ ပညာရှိဆုံးဖြတ်ချက်တွေ ဘယ်လို ချရမလဲဆိုတာ ကျမ်းစာမှာ သင်ပေးထားတယ်။ ယေဟောဝါက ကျွန်တော်တို့ကို ဆုံးဖြတ်စေချင်ပေမဲ့ မထိခိုက်စေချင်ဘူး။ အထောက်အထားတချို့ကို သုံးသပ်ကြည့်ပါ။
၆၊ ၇။ ရှေးခေတ်အစ္စရေးတွေ ဘာဆုံးဖြတ်ခဲ့ရသလဲ။ ပညာရှိစွာ ဆုံးဖြတ်ဖို့ ဘာကြောင့် ခက်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၆ ရှေးအစ္စရေးလူမျိုးတွေ ကတိထားရာပြည်မှာ အခြေချပြီးတာနဲ့ ယေဟောဝါကို ဝတ်ပြုမလား၊ တခြားဘုရား(တွေ)ကို ဝတ်ပြုမလားဆိုတဲ့ အရေးကြီးဆုံးဖြတ်ချက် ချခဲ့ရတယ်။ (ယောရှု ၂၄:၁၅ ကိုဖတ်ပါ။) လွယ်ကူတဲ့ ဆုံးဖြတ်ချက်လို့ ထင်ရပေမဲ့ သေရေးရှင်ရေးဖြစ်တယ်။ တရားသူကြီးတွေခေတ်မှာလည်း အစ္စရေးတွေ ပညာမဲ့စွာ ဆုံးဖြတ်ခဲ့ကြတယ်။ ယေဟောဝါကို ကျောခိုင်းပြီး မှားယွင်းတဲ့ဘုရားတွေကို ကိုးကွယ်ခဲ့ကြတယ်။ (သူကြီး. ၂:၃၊ ၁၁-၂၃) ဆုံးဖြတ်ဖို့ လိုအပ်ခဲ့တဲ့ သမိုင်းဖြစ်ရပ်တစ်ခုကိုလည်း စဉ်းစားကြည့်ပါ။ ယေဟောဝါကို ဝတ်ပြုမလား၊ မှားယွင်းတဲ့ဘုရား ဗာလကို ဝတ်ပြုမလားဆိုပြီး ပရောဖက် ဧလိယ ရှင်းရှင်းမေးခဲ့တယ်။ (၃ ရာ. ၁၈:၂၁၊ ကဘ) မပြတ်မသားဖြစ်နေလို့ အစ္စရေးတွေကို ဧလိယ အပြစ်တင်ခဲ့တယ်။ ယေဟောဝါကို ဝတ်ပြုတာ အမြဲ ပညာရှိပြီး အကျိုးပြုတဲ့အတွက် ဆုံးဖြတ်ရလွယ်တယ်လို့ ထင်ရနိုင်တယ်။ ဆင်ခြင်တုံတရားရှိတဲ့သူ ဘယ်သူမှ ဗာလဘက် ပါမှာ မဟုတ်ဘူး။ ဒါပေမဲ့ အစ္စရေးတွေဟာ ‘အယူအဆနှစ်ခုကြားမှာ ချီတုံချတုံ ဖြစ်နေကြ’ တယ်။ ယေဟောဝါကို ဝတ်ပြုဖို့ လူတွေကို ဧလိယ တိုက်တွန်းခဲ့တာ ပညာရှိပါတယ်။
၇ ပညာရှိစွာ ဆုံးဖြတ်ဖို့ အစ္စရေးတွေအတွက် ဘာကြောင့် အဲဒီလောက် ခက်နေရသလဲ။ ပထမ၊ ယေဟောဝါကို မယုံကြည်တော့လို့၊ ဘုရားစကားကို နားမထောင်ချင်တော့လို့ပဲ။ တိကျမှန်ကန်တဲ့ အသိပညာ၊ ဘုရားရေးရာ ဉာဏ်ပညာကို ဆက်မဆည်းပူးကြတော့ဘူး။ ယေဟောဝါကို မကိုးစားကြတော့ဘူး။ သူတို့သာ တိကျမှန်ကန်တဲ့ အသိပညာအတိုင်း လုပ်ဆောင်မယ်ဆိုရင် ပညာရှိစွာ ဆုံးဖြတ်နိုင်ကြပါလိမ့်မယ်။ (ဆာ. ၂၅:၁၂) တခြားသူတွေရဲ့ ဩဇာလွှမ်းမိုးမှုကိုလည်း ခံယူခဲ့ကြတယ်။ တခြားသူတွေကိုတောင် မိမိတို့ကိုယ်စား ဆုံးဖြတ်ချက် ချစေခဲ့ကြတယ်။ ယေဟောဝါကို မကိုးကွယ်သူတွေက အစ္စရေးတွေရဲ့ တွေးခေါ်ပုံကို လွှမ်းမိုးပြီး တိတ္ထိလူအုပ်နောက် လိုက်စေခဲ့ကြတယ်။ အဲဒီလို ဖြစ်နိုင်တယ်လို့ ယေဟောဝါ သတိပေးခဲ့တာ ကြာပြီ။—ထွ. ၂၃:၂။
တခြားသူတွေ ဆုံးဖြတ်ပေးသင့်သလား
၈။ ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး အစ္စရေးလူမျိုးရဲ့ သမိုင်းကြောင်းကနေ ဘာအရေးကြီး သင်ခန်းစာ ရရှိသလဲ။
၈ အထက်ပါ ပုံနမူနာတွေက ရှင်းပါတယ်။ ကိုယ်ကြိုက်သလို ဆုံးဖြတ်နိုင်တယ်။ ပညာရှိပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေက ကျမ်းစာအသိပညာအပေါ် အခြေခံတယ်။ “လူအသီးသီးသည် မိမိတို့၏ဝန်ကို ထမ်းရွက်ကြရမည်” လို့ ဂလာတိ ၆:၅ မှာ ဖော်ပြထားတယ်။ ဆုံးဖြတ်ရမယ့်တာဝန်ကို တခြားသူတွေဆီ မလွှဲအပ်သင့်ဘူး။ ဘုရားအမြင်မှာ မှန်ကန်တဲ့အရာကို သိအောင် ကိုယ်တိုင်သင်ယူ၊ ဆုံးဖြတ်သင့်တယ်။
၉။ ကိုယ့်အတွက် တခြားသူတွေကို ဆုံးဖြတ်စေတာ ဘာကြောင့် အန္တရာယ် ရှိနိုင်သလဲ။
၉ ကိုယ့်အတွက် တခြားသူတွေကို ဆုံးဖြတ်စေတဲ့အန္တရာယ်ထဲ ဘယ်လို ကျရောက်မိနိုင်သလဲ။ ရွယ်တူချင်းဖိအားက မှားယွင်းတဲ့ ဆုံးဖြတ်ချက် ချမိစေနိုင်တယ်။ (သု. ၁:၁၀၊ ၁၅) တခြားသူတွေ ဘယ်လောက်ပဲ ဖိအားပေးပါစေ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်အတိုင်း လိုက်လျှောက်ရမှာက ကိုယ့်တာဝန်ပဲ။ ကိုယ့်အတွက် တခြားသူတွေကို ဆုံးဖြတ်စေမယ်ဆိုရင် သူတို့နောက် “လိုက်” နေတာပဲ။ အဲဒါကလည်း ဆုံးဖြတ်ချက်ပဲ။ ဒါပေမဲ့ မမှန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။
၁၀။ ဂလာတိအသင်းသားတွေကို ပေါလု ဘာသတိပေးခဲ့သလဲ။
၁၀ ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် တခြားသူတွေကို ဆုံးဖြတ်စေတဲ့ အန္တရာယ်အကြောင်း ဂလာတိအသင်းသားတွေကို တမန်တော် ပေါလု ရှင်းရှင်း သတိပေးခဲ့တယ်။ (ဂလာတိ ၄:၁၇ ကိုဖတ်ပါ။) အသင်းတော်မှာ တချို့က တခြားသူတွေအတွက် ဆုံးဖြတ်ပေးချင်ကြတယ်။ ရည်ရွယ်ချက်က တမန်တော်တွေနဲ့ ဝေးကွာစေဖို့ပဲ။ အဲဒီတစ်ကိုယ်ကောင်းသမားတွေဟာ ကိုယ်ထင်ပေါ်ဖို့ပဲ ကြိုးစားနေကြတယ်။ စည်းကျော်နေကြတယ်။ ခရစ်ယာန်ချင်းတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို မလေးစားကြဘူး။
၁၁။ တခြားသူတွေ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၁ ညီအစ်ကိုတွေရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၂ ကောရိန္သု ၁:၂၄ ကိုဖတ်ပါ။) ဒီနေ့လည်း ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အကြံပေးတဲ့အခါ အဲဒီပုံသက်သေကို အကြီးအကဲတွေ လိုက်နာသင့်တယ်။ ကျမ်းစာအခြေပြု အကြောင်းအရာတွေကို ဝေမျှပေးပေမဲ့ ညီအစ်ကို/မတွေကို ကိုယ်ပိုင်ဆုံးဖြတ်စေကြတယ်။ အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေကို ကိုယ်တိုင်တာဝန်ယူရမှာမို့လို့ပဲ။ အရေးကြီးသင်ခန်းစာကတော့ တခြားသူတွေကို စိတ်ဝင်စားနိုင်တယ်၊ ကျမ်းစာမူတွေ၊ အကြံဉာဏ်တွေကို အမှတ်ရစေနိုင်ပေမဲ့ ဆုံးဖြတ်ရမှာကတော့ သူတို့ရဲ့ တာဝန်ဖြစ်တယ်။ ပညာရှိရှိ ဆုံးဖြတ်ရင် အကျိုးခံစားရပါလိမ့်မယ်။ ဒါကြောင့် တခြားညီအစ်ကို/မတွေအတွက် ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ သဘောထားကို ရှောင်သင့်တယ်။
ကို လေးစားရာမှာ ပေါလု ပုံသက်သေကောင်း ချမှတ်ခဲ့တယ်။ (ခံစားချက်ကို ရှေ့တန်းတင် ဆုံးဖြတ်မိခြင်း
၁၂၊ ၁၃။ ဒေါသထွက်ချိန်၊ စိတ်ဓာတ်ကျချိန်မှာ စိတ်အလိုလိုက်တာ ဘာကြောင့် အန္တရာယ် ရှိသလဲ။
၁၂ ကျော်ကြားတဲ့ အတွေးအခေါ်၊ ဆောင်ပုဒ်တစ်ခုကတော့ ‘စိတ်အလို လိုက်ပါ’ ဖြစ်တယ်။ ဒါပေမဲ့ စိတ်အလို လိုက်ခြင်းက အန္တရာယ် ရှိနိုင်တယ်။ ကျမ်းစာနဲ့လည်း မညီဘူး။ ဆုံးဖြတ်ချက် ချတဲ့အခါ မစုံလင်တဲ့ စိတ်နှလုံး၊ ခံစားချက်ကို ရှေ့တန်းမတင်ဖို့ ကျမ်းစာမှာ သတိပေးထားတယ်။ (သု. ၂၈:၂၆) စိတ်အလိုလိုက်ခြင်းရဲ့ ဆိုးကျိုးတွေကိုလည်း ဖော်ပြထားတယ်။ အဓိက ပြဿနာကတော့ မစုံလင်တဲ့ လူသားတွေရဲ့ ‘စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်တယ်။ အလွန်ယိုယွင်းသောသဘော ရှိတယ်။’ (ယေ. ၃:၁၇။ ၁၃:၁၀။ ၁၇:၉။ ၃ ရာ. ၁၁:၉) စိတ်အလို လိုက်မိရင် ဘာဖြစ်နိုင်သလဲ။
၁၃ ခရစ်ယာန်တစ်ယောက်ရဲ့ စိတ်နှလုံးက အရေးကြီးတယ်။ ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ချစ်ဖို့၊ လူသားချင်းကို ကိုယ်နဲ့အမျှ ချစ်ဖို့ မိန့်မှာခံထားရလို့ပဲ။ (မ. ၂၂:၃၇-၃၉) ဒါပေမဲ့ ပြီးခဲ့တဲ့ အပိုဒ်မှာ ညွှန်းထားတဲ့ ကျမ်းချက်တွေက ခံစားချက်ကို ရှေ့တန်းတင် တွေးခေါ်လုပ်ကိုင်ခြင်းရဲ့ အန္တရာယ်ကို အလေးပေးထားတယ်။ ဥပမာ၊ ဒေါသထွက်နေချိန်မှာ ဆုံးဖြတ်ရင် ဘာဖြစ်သွားနိုင်သလဲ။ အရင်က ဆုံးဖြတ်ဖူးရင် အဖြေကို သိပါလိမ့်မယ်။ (သု. ၁၄:၁၇။ ၂၉:၂၂) စိတ်ဓာတ်ကျနေချိန်မှာကော ပညာရှိရှိ ဆုံးဖြတ်နိုင်ပါ့မလား။ (တော. ၃၂:၆-၁၂။ သု. ၂၄:၁၀) “ဘုရားသခင့် ပညတ်တရား၏ကျွန်” ဖြစ်ခြင်းရဲ့ ပညာရှိမှုကို ကျမ်းစာမှာ ဖော်ပြထားတယ်။ (ရော. ၇:၂၅) အရေးကြီး ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ခံစားချက်ကို ရှေ့တန်းတင်မယ်ဆိုရင် အလွယ်တကူ မှားသွားနိုင်တယ်။
ဆုံးဖြတ်ချက်ကို ပြင်ရမယ့်အချိန်
၁၄။ ဆုံးဖြတ်ချက်တချို့ကို ပြန်ပြင်တာ သင့်လျော်ကြောင်း ဘယ်လို သိရသလဲ။
၁၄ ပညာရှိရှိ ဆုံးဖြတ်ဖို့ လိုတယ်။ ဒါပေမဲ့ ဆုံးဖြတ်ပြီးတာနဲ့ အဲဒီအတိုင်း လုပ်ရတော့မယ်ဆိုတဲ့ သဘော မဟုတ်ဘူး။ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ပြီး ပြင်ရမယ့်အချိန်တွေ ရှိပါလိမ့်မယ်။ ယောနခေတ်က နိနေဝေမြို့သားတွေနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ပုံသက်သေကို သတိပြုကြည့်ပါ။ “မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်းကို လွှဲရှောင်၍ ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင် အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေတော်မူ၏။” (ယောန ၃:၁၀) နိနေဝေမြို့သားတွေရဲ့ နောင်တ၊ သဘောထား ပြောင်းလဲမှုကို တွေ့တဲ့အခါ မိမိရဲ့ဆုံးဖြတ်ချက်ကို ယေဟောဝါ ပြင်ခဲ့တယ်။ ဒီနည်းအားဖြင့် အကျိုးသင့်အကြောင်းသင့်သဘော၊ နှိမ့်ချမှု၊ စာနာမှုရှိကြောင်း ဖော်ပြခဲ့တယ်။ လူများစွာလို တဒင်္ဂဒေါသကို ရှေ့တန်းတင်ပြီး မဆုံးဖြတ်ခဲ့ဘူး။
၁၅။ ဘာတွေကြောင့် ဆုံးဖြတ်ချက် ပြင်ဖို့ လိုအပ်နိုင်သလဲ။
၁၅ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားသင့်တဲ့အချိန်တွေရှိ၃ ရာ. ၂၁:၂၀၊ ၂၁၊ ၂၇-၂၉။ ၄ ရာ. ၂၀:၁-၅) အချက်အလက်သစ်တွေကြောင့် ပြန်ပြင်ရတဲ့အခါတွေလည်း ရှိနိုင်တယ်။ ဘုရင်ဒါဝိဒ်ဟာ ရှောလုရဲ့ မြေး မေဖိဗောရှက်နဲ့ပတ်သက်ပြီး သတင်းမှား ရခဲ့တယ်။ နောက်ပိုင်း သတင်းမှန် ပြန်ရတဲ့အခါ ဆုံးဖြတ်ချက်ကို ပြင်ခဲ့တယ်။ (၂ ရာ. ၁၆:၃၊ ၄။ ၁၉:၂၄-၂၉) တစ်ခါတလေ ကျွန်တော်တို့လည်း ဆုံးဖြတ်ချက်ကို ပြန်ပြင်တာ ပညာရှိနိုင်တယ်။
နိုင်ပါတယ်။ အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ ဖြစ်နိုင်တယ်။ ယေဟောဝါတောင် အခြေအနေ ပြောင်းလဲသွားတဲ့အခါတွေမှာ ဆုံးဖြတ်ချက်ကို ပြင်ခဲ့တယ်။ (၁၆။ (က) ပညာရှိ ဆုံးဖြတ်ချက်တွေ ချရာမှာ အထောက်အကူပြုနိုင်တဲ့ လမ်းညွှန်ချက်တချို့ကို ဖော်ပြပါ။ (ခ) ချပြီးသား ဆုံးဖြတ်ချက်တွေကို ဘာကြောင့် ပြန်သုံးသပ်သင့်သလဲ။ ဘယ်လိုနည်းနဲ့လဲ။
၁၆ အရေးကြီးဆုံးဖြတ်ချက်ကို အလောတကြီး မချဖို့ ကျမ်းစာမှာ အကြံပေးထားတယ်။ (သု. ၂၁:၅) ဆုံးဖြတ်ချက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဘက်ပေါင်းစုံကနေ အချိန်ယူ စဉ်းစားမယ်ဆိုရင် ပိုအောင်မြင်ပါလိမ့်မယ်။ (၁ သက်. ၅:၂၁) အိမ်ထောင်ဦးစီးဟာ မဆုံးဖြတ်ခင် ကျမ်းစာနဲ့ ခရစ်ယာန်စာပေတွေမှာ ရှာဖွေလေ့လာဖို့၊ မိသားစုဝင်တွေရဲ့ သဘောထားကို သုံးသပ်ဖို့ အချိန်ယူသင့်တယ်။ ဇနီးပြောတာကို နားထောင်ဖို့ အာဗြဟံကို ဘုရားသခင် တိုက်တွန်းခဲ့တာ သတိရပါ။ (က. ၂၁:၉-၁၂) အကြီးအကဲတွေလည်း အချိန်ယူ ရှာဖွေလေ့လာသင့်တယ်။ အကျိုးသင့် အကြောင်းသင့်ရှိပြီး နှိမ့်ချကျိုးနွံတဲ့ အကြီးအကဲတွေဟာ ပြုပြင်ပြောင်းလဲရမှာကို မစိုးရိမ်ဘူး။ အချက်အလက်သစ်တွေ ပေါ်လာလို့ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ရတဲ့အခါ လူတွေ မလေးစားတော့မှာကို တွေးမပူကြဘူး။ သင့်တော်ချိန်မှာ မိမိတို့ရဲ့ တွေးခေါ်ပုံနဲ့ ဆုံးဖြတ်ချက်တွေကို ပြန်ပြင်ဖို့ အသင့်ရှိကြတယ်။ ကျွန်တော်တို့အားလုံး အဲဒီပုံသက်သေကို လိုက်လျှောက်သင့်တယ်။ ဒါက အသင်းတော်ရဲ့ စည်းလုံးငြိမ်သက်မှုကို တိုးပွားစေနိုင်တယ်။—တ. ၆:၁-၄။
ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ပါ
၁၇။ ဆုံးဖြတ်ချက်ချရာမှာ ဘယ်လို ပိုအောင်မြင်နိုင်သလဲ။
၁၇ ဆုံးဖြတ်ချက်တချို့က ပိုကြီးလေးတယ်။ ဒါကြောင့် အချိန်ယူပြီး ပိုစဉ်းစားဖို့၊ ပိုဆုတောင်းဖို့ လိုတယ်။ အိမ်ထောင်ပြုရမလား၊ ဘယ်သူနဲ့ ပြုရမလဲဆိုတာ ခရစ်ယာန်တချို့ ဆုံးဖြတ်ကြတယ်။ ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ အချိန်ပြည့်လုပ်ငန်းမှာ စပါဝင်မယ်ဆိုတာလည်း ကြီးလေးတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒီလိုအခြေအနေတွေမှာ ပညာရှိလမ်းညွှန်မှုကို ယေဟောဝါ ပေးနိုင်မှန်း၊ ပေးထားမှန်း အပြည့်အဝ ယုံကြည်ဖို့ အရေးကြီးတယ်။ (သု. ၁:၅) ကျမ်းစာမှာ အကောင်းဆုံး အကြံဉာဏ် ရှာဖွေပြီး ယေဟောဝါရဲ့ လမ်းညွှန်မှုအတွက် ဆုတောင်းဖို့လည်း လိုတယ်။ အလိုတော်နဲ့အညီချတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လုပ်ဆောင်နိုင်စွမ်းကို ယေဟောဝါ ပေးနိုင်မှန်း သတိရပါ။ ဒါကြောင့် အရေးကြီး ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် ‘ဒီဆုံးဖြတ်ချက်ဟာ ယေဟောဝါအပေါ်ထားတဲ့ မေတ္တာကို ပေါ်လွင်စေမလား။ ငါ့မိသားစုကို ငြိမ်းချမ်းပျော်ရွှင်စေမလား။ ငါစိတ်ရှည်ကြင်နာကြောင်း ဖော်ပြမလား’ ဆိုပြီး မေးပါ။
၁၈။ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချဖို့ ယေဟောဝါ ဘာကြောင့် မျှော်လင့်သလဲ။
၁၈ မိမိကို ချစ်ဖို့၊ ဝတ်ပြုဖို့ ယေဟောဝါ အတင်းအကျပ် ဖိအားမပေးဘူး။ ဒါဟာ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်တယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားတဲ့အတွက် မိမိကို ဝတ်ပြုမပြု ‘ရွေး’ ရမယ့်တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ဘုရားသခင် လေးစားတယ်။ (ယောရှု ၂၄:၁၅။ ဒေ. ၅:၄) ဒါပေမဲ့ ဘုရားရဲ့ လမ်းညွှန်ချက်အပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လုပ်ဆောင်ဖို့လည်း မျှော်လင့်တယ်။ ယေဟောဝါရဲ့ လုပ်ဆောင်ပုံနည်းလမ်း၊ ကျမ်းစာမူတွေကို ယုံကြည်မယ်ဆိုရင် ပညာရှိစွာ ဆုံးဖြတ်နိုင်ပြီး စိတ်တည်ကြည်သူ ဖြစ်မှန်း သက်သေပြနိုင်ပါလိမ့်မယ်။—ယာ. ၁:၅-၈။ ၄:၈။