ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
ယေရှုရဲ့သေခြင်းက လူသားတွေအတွက် ဘယ်လိုအကျိုးဖြစ်စေသလဲ
လူသားတွေကို ဘုရားသခင် ဖန်ဆင်းချိန်တုန်းက ဒီကမ္ဘာမြေပေါ်မှာ ဖျားနာမှု၊ သေခြင်းမရှိဘဲ ထာဝစဉ်နေသွားဖို့ ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ ပထမဆုံးလူသား အာဒံဟာ ဘုရားစကား နားမထောင်ခဲ့တဲ့အတွက် ထာဝစဉ်အသက်ရှင်ခွင့် ဆုံးၡုံးပြီး သေဆုံးခဲ့ရတယ်။ အာဒံရဲ့သားစဉ်မြေးဆက်တွေဖြစ်တဲ့ လူသားအားလုံးဟာလည်း သူ့ဆီကနေ သေခြင်းအမွေကို လက်ဆင့်ကမ်းရရှိခဲ့ကြတယ်။ (ရောမ ၅:၈၊ ၁၂; ၆:၂၃) စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါက သားတော်ယေရှုကို ကမ္ဘာပေါ်စေလွှတ်ပြီး အသေခံစေတယ်။ ဒီလိုနည်းနဲ့ လူသားတွေဟာ အာဒံဆုံးၡုံးခဲ့တဲ့ ထာဝစဉ်အသက်ရှင်ခွင့်ကို ပြန်ရရှိနိုင်ကြတယ်။—ယောဟန် ၃:၁၆ ကိုဖတ်ပါ။
လူသားအားလုံး ထာဝရအသက်ရဖို့ ယေရှု အသေခံပေးခဲ့။ ကမ္ဘာပေါ်မှာ ထာဝစဉ်နေထိုင်ရမယ့် အသက်တာကို သင်ဘယ်လို မြင်ယောင်မိသလဲ
ယေရှုရဲ့သေခြင်းက လူသားအားလုံးရဲ့အပြစ်ကို ခွင့်လွှတ်ပေးပြီး ထာဝရအသက်ရဖို့ မျှော်လင့်ချက်ရှိစေတယ်။ အိုမင်းရင့်ရော်မှု၊ ရောဂါ၊ သေခြင်းမရှိတဲ့အသက်တာနဲ့ ကမ္ဘာပေါ်မှာ နေထိုင်ရမယ်ဆိုတာ သမ္မာကျမ်းစာမှာ ဖော်ပြပေးထားပါတယ်။—ဟေရှာယ ၂၅:၈; ၃၃:၂၄; ဗျာဒိတ် ၂၁:၄၊ ၅ တို့ကိုဖတ်ပါ။
ယေရှုရဲ့သေခြင်းကို အမှတ်ရကြောင်း ဘယ်လိုဖော်ပြသင့်သလဲ
ယေရှုမသေခင်ညမှာ သူ့ရဲ့သေခြင်းကို သတိရဖို့ ရိုးရှင်းတဲ့ အောက်မေ့ရာပွဲလုပ်ပါလို့ တပည့်တွေကို မိန့်မှာခဲ့ပါတယ်။ နှစ်တိုင်းကျင်းပတဲ့ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်ခြင်းက လူသားတွေကို ယေဟောဝါဘုရားနဲ့ သားတော်ယေရှုတို့ ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာ ပြန်သတိရစေပါတယ်။—လုကာ ၂၂:၁၉၊ ၂၀; ၁ ယောဟန် ၄:၉၊ ၁၀ တို့ကိုဖတ်ပါ။
ဒီနှစ်မှာ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို ဧပြီ ၁၄ ရက်၊ တနင်္လာနေ့ နေဝင်ပြီးချိန်မှာ ကျင်းပမှာဖြစ်တယ်။ ဒေသခံယေဟောဝါသက်သေတွေနဲ့အတူ အဲဒီပွဲကို တက်ရောက်ဖို့ သင့်ကို ဖိတ်ခေါ်ပါတယ်။—ရောမ ၁:၁၁၊ ၁၂ ကိုဖတ်ပါ။