ဆာလံ ၁၀:၁-၁၈

  • ခိုကိုးရာမဲ့သူတွေကို ကူညီတဲ့အရှင် ယေဟောဝါ

    • “ဘုရား မရှိဘူး” လို့ လူဆိုးပြောဆို ()

    • ခိုကိုးရာမဲ့သူတွေ ယေဟောဝါဆီ အကူအညီတောင်း (၁၄)

    • ‘ယေဟောဝါဟာ ထာဝရဘုရင်ဖြစ်’ (၁၆)

ל ၁၀  အို ယေဟောဝါ၊ ဘာလို့ အဝေးမှာ ရပ်နေတာလဲ။ ကျွန်တော် ဒုက္ခရောက်ချိန်မှာ ဘာလို့ ပုန်းရှောင်နေတာလဲ။+ ၂  လူဆိုးက မောက်မာတဲ့စိတ်ကြောင့် ခိုကိုးရာမဲ့သူတွေကို လိုက်ဖမ်းနေတယ်။+ ဒါပေမဲ့ ကိုယ့်အကြံနဲ့ကိုယ် ပြန်ခံရလိမ့်မယ်။+ ၃  လူဆိုးဟာ အတ္တဆန္ဒတွေအကြောင်း ဝါကြွားတယ်။+ လောဘကြီးသူက ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းတယ်။*נယေဟောဝါကို မလေးမစား လုပ်တယ်။ ၄  လူဆိုးဟာ မောက်မာတဲ့အတွက် ဘာကိုမှ မဆန်းစစ်ဘူး။ “ဘုရားသခင် မရှိဘူး”+ လို့ပဲ တွေးတယ်။ ၅  သူလုပ်သမျှ အောင်မြင်တယ်။+ ဒါပေမဲ့ ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေကို သူနားလည်နိုင်စွမ်း မရှိဘူး။+ ရန်သူတွေကို လှောင်ပြောင်တယ်။ ၆  “ငါဘယ်တော့မှ တုန်လှုပ်ရမှာ မဟုတ်ဘူး။ နောင်လာနောက်သား အဆက်ဆက် ဘေးဆိုးကြုံရမှာ မဟုတ်ဘူး”+ လို့ စိတ်ထဲမှာ သူပြောတတ်တယ်။ פ ၇  သူ့နှုတ်မှာ ကျိန်စာတွေ၊ အလိမ်အညာတွေ၊ ခြိမ်းခြောက်မှုတွေ အပြည့်ပဲ။+ သူ့လျှာက ဒုက္ခရောက်စေတဲ့၊ ထိခိုက်စေတဲ့ စကားတွေကို ပြောတတ်တယ်။+ ၈  သူက ရွာတွေနားမှာ စောင့်ပြီး ချောင်းမြောင်းနေတယ်။ အပြစ်မဲ့သူကို သတ်ဖို့ အဲဒီကနေ ထွက်လာတယ်။+ ע အခြေမလှသူကို စောင့်ကြည့်နေတယ်။+ ၉  ဂူထဲက ခြင်္သေ့လိုပဲ ကွယ်ရာကနေ စောင့်နေတယ်။+ ခိုကိုးရာမဲ့သူကို ဖမ်းဖို့ စောင့်နေတယ်။ ခိုကိုးရာမဲ့သူ ကျော့ကွင်းမိတဲ့အခါ ဖမ်းခေါ်သွားပြီး၊+ ၁၀  နင်းပြားဘဝ ရောက်သွားအောင် လုပ်လိုက်တယ်။ အခြေမလှသူတွေဟာ လူဆိုးရဲ့လက်ခုပ်ထဲ ရောက်သွားတယ်။ ၁၁  “ဘုရားသခင်က ငါ့ရဲ့ဆိုးသွမ်းမှုတွေကို မေ့သွားပြီ။+ မျက်ကွယ်ပြုလိုက်ပြီ။ လုံးဝ သတိထားမိမှာ မဟုတ်ဘူး”+ လို့ စိတ်ထဲမှာ သူပြောတတ်တယ်။ ק ၁၂  ယေဟောဝါဘုရား၊ ထတော်မူပါ။+ ဘုရားသခင်၊ လက်ကိုမြှောက်ပြီး+ သူ့ကို တိုက်ခိုက်တော်မူပါ။ ခိုကိုးရာမဲ့သူတွေကို မမေ့လိုက်ပါနဲ့။+ ၁၃  လူဆိုးက ဘုရားသခင်ကို ဘာလို့ မလေးမစား လုပ်ရတာလဲ။ “ငါ့ကို တရားစီရင်မှာ မဟုတ်ပါဘူး” လို့ စိတ်ထဲမှာ ပြောတတ်တယ်။ ר ၁၄  ဒါပေမဲ့ ကိုယ်တော်က ဒုက္ခနဲ့သောကတွေကို တွေ့တယ်။ အဲဒါတွေကိုကြည့်ပြီး အရေးယူ ဖြေရှင်းပေးတယ်။+ အခြေမလှသူတွေ ကိုယ်တော့်ဆီ  အကူအညီတောင်းကြတယ်။+ ကိုယ်တော်ဟာ မိဘမဲ့ကလေးတွေကို ကူညီပေးသူပဲ။+ ש ၁၅  ယုတ်မာတဲ့လူဆိုးရဲ့ လက်ရုံးကို ချိုးပစ်ပါ။+ ဒါမှ သူ့ရဲ့ဆိုးသွမ်းမှုကိုကိုယ်တော် ရှာတွေ့တော့မှာ မဟုတ်ဘူး။ ၁၆  ယေဟောဝါဟာ အစဉ်ထာဝရ ဘုရင်ဖြစ်တယ်။+ လူမျိုးတွေက မြေပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်။+ ת ၁၇  အို ယေဟောဝါ၊ ကိုယ်တော်က စိတ်နူးညံ့သူတွေရဲ့ တောင်းဆိုချက်ကို ကြားလိမ့်မယ်။+ သူတို့စိတ်နှလုံးကို ခိုင်ခံ့စေပြီး+ သူတို့စကားကို အာရုံစိုက်ပေးလိမ့်မယ်။+ ၁၈  မိဘမဲ့ကလေးတွေနဲ့ ဖိနှိပ်ခံရသူတွေအတွက် တရားမျှတစွာ စီရင်ပေးလိမ့်မယ်။+ ဒါကြောင့် သေမျိုးဖြစ်တဲ့လူဟာ သူတို့ကို ခြောက်လှန့်နိုင်တော့မှာ မဟုတ်ဘူး။+

အောက်ခြေမှတ်ချက်များ

“ကောင်းချီးပေးတယ်” လည်းဖြစ်နိုင်။