ဆာလံ ၄၀:၁-၁၇
ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
၄၀ ယေဟောဝါကို ငါ အမျှော်လင့်ကြီး မျှော်လင့်နေတယ်။
ဘုရားက နားစွင့်ထားတဲ့အတွက် ငါ့ရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားတယ်။+
၂ တဝေါဝေါ မြည်နေတဲ့ တွင်းထဲကနေ၊ရွှံ့နွံထဲကနေ ငါ့ကို ဆွဲထုတ်တယ်။
ငါ့ခြေကို ကျောက်ဆောင်ပေါ် တင်ပေးတယ်။
ငါ့ခြေလှမ်းတွေကို ခိုင်မြဲစေတယ်။
၃ ပြီးတော့ ဘုရားသခင်ကို ချီးမွမ်းတဲ့
သီချင်းသစ် သင်ပေးတယ်။+ဒါကို လူတွေ တအံ့တသြကြည့်ပြီးယေဟောဝါကို ယုံကြည်ကိုးစားလာလိမ့်မယ်။
၄ ယေဟောဝါကို ယုံကြည်ကိုးစားတဲ့သူ၊အာခံသူတွေနဲ့ လိမ်လည်သူတွေကို မမျှော်ကိုးတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။
၅ ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေ၊အံ့ဖွယ်အမှုတွေ၊ ကျွန်တော်တို့နဲ့ပတ်သက်တဲ့ အကြံအစည်တွေဟာ များပြားလိုက်တာ။+ကိုယ်တော့်ကို ယှဉ်နိုင်တဲ့သူ မရှိဘူး။+အဲဒီအကြောင်းတွေကို ပြောကြည့်လိုက်တဲ့အခါပြောမကုန်နိုင်အောင် များလှတယ်။+
၆ ပူဇော်သက္ကာတွေ၊ အလှူတွေကို ကိုယ်တော် မလိုချင်ဘူး။+ဒါပေမဲ့ နာခံတတ်ဖို့ ကျွန်တော့်နားကို ဖွင့်ပေးတယ်။+မီးရှို့ရာအလှူတွေ၊ အပြစ်ဖြေရာအလှူတွေကို ကိုယ်တော် မတောင်းဆိုဘူး။+
၇ ဒါကြောင့် “ကျွန်တော် ရောက်လာပါပြီ။
ကျမ်းလိပ်ထဲမှာ ကျွန်တော့်အကြောင်း ရေးထားပါတယ်။+
၈ အို ဘုရားသခင်၊ အလိုတော်ဆောင်တာဟာ ကျွန်တော့်အတွက် ကြည်နူးစရာပါ။+ပညတ်တော်ဟာ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲနေပါတယ်။+
၉ ဖြောင့်မတ်ခြင်းသတင်းကောင်းကို လူစုလူဝေးအလယ်မှာ ကြေညာမယ်။+ယေဟောဝါဘုရား၊ ကျွန်တော် နှုတ်ပိတ်မနေဘူးဆိုတာ+ကိုယ်တော် ကောင်းကောင်း သိပါတယ်။
၁၀ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းအကြောင်းကို စိတ်ထဲ မျိုသိပ်မထားဘူး။
ကိုယ်တော်ရဲ့ သစ္စာတရားနဲ့ ကယ်တင်ခြင်းအကြောင်းကို ကြေညာမယ်။
ခိုင်မြဲတဲ့မေတ္တာတော်နဲ့ အမှန်တရားအကြောင်းကို လူစုလူဝေးအလယ်မှာ ထိမ်ဝှက်မထားဘူး”+ လို့ ကျွန်တော်ပြောတယ်။
၁၁ အို ယေဟောဝါ၊ ကျွန်တော့်ကို ကရုဏာမပြဘဲ မနေလိုက်ပါနဲ့။
ခိုင်မြဲတဲ့မေတ္တာတော်နဲ့ အမှန်တရားဟာ ကျွန်တော့်ကို အမြဲ ကာကွယ်စောင့်ရှောက်ပေးပါစေ။+
၁၂ အတိုင်းမသိများတဲ့ ဘေးဒုက္ခတွေ ဝိုင်းရံနေတယ်။+
အမှားတွေဒုနဲ့ဒေး လွှမ်းမိုးနေလို့ ကိုယ့်လမ်းကိုတောင် မမြင်ရတော့ဘူး။+
အမှားတွေဟာ ဆံပင်တွေထက် ပိုများတယ်။
ကျွန်တော် စိတ်ပျက်အားလျော့နေပြီ။
၁၃ အို ယေဟောဝါ၊ ကျွန်တော့်ကို ကယ်တင်ဖို့ အလိုရှိတော်မူပါ။+
ယေဟောဝါဘုရား၊ အမြန်လာကူပါဦး။+
၁၄ ကျွန်တော့်အသက်ကို သတ်ချင်သူအားလုံးအရှက်ကွဲပြီး ရှုတ်ချခံရပါစေ။
ကျွန်တော် ဘေးဆိုးကြုံရလို့ ဝမ်းသာအားရ ဖြစ်နေသူတွေအရှက်တကွဲ နောက်လှည့်ပြေးရပါစေ။
၁၅ ကျွန်တော့်ကို ဟားတိုက်နေသူတွေအရှက်ကွဲလို့ တုန်လှုပ်ချောက်ချားပါစေ။
၁၆ ကိုယ်တော့်ကို ရှာတဲ့သူတွေကတော့+ကိုယ်တော်ကြောင့် ရွှင်လန်းဝမ်းမြောက်ကြပါစေ။+
ကိုယ်တော့် ကယ်တင်ခြင်းကို မြတ်နိုးသူတွေက
“ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြပါ” လို့ အမြဲပြောနိုင်ကြပါစေ။+
၁၇ ခိုကိုးရာမဲ့ပြီး ဆင်းရဲနွမ်းပါးနေလို့ကျွန်တော့်ကို ယေဟောဝါ အာရုံစိုက်ပါစေ။
ကိုယ်တော်ဟာ ကူညီမစရှင်၊ ကယ်တင်ရှင်ပါ။+
အို ဘုရားသခင်၊ နှောင့်နှေးမနေပါနဲ့။+