ဆာလံ ၄၉:၁-၂၀

  • စည်းစိမ်ကို အားကိုးတာဟာ မိုက်မဲ

    • လူလူချင်း မရွေးနိုင် (၇၊ ၈)

    • သင်္ချိုင်းရဲ့လက်ကနေ ဘုရားသခင် ရွေးယူ (၁၅)

    • စည်းစိမ်ဟာ သေခြင်းကနေ မကယ်နိုင် (၁၆၊ ၁၇)

ဂီတမှူးသို့။ ကောရရဲ့ သားမြေးတွေ စပ်ဆိုတဲ့သီချင်း။+ ၄၉  လူအပေါင်းတို့၊ နားထောင်ကြ။ ကမ္ဘာသူကမ္ဘာသား အပေါင်းတို့၊ အာရုံစိုက်ကြ။ ၂  အယုတ်အမြတ်မရွေးဆင်းရဲချမ်းသာပါမကျန်လူအားလုံး အာရုံစိုက်ကြ။ ၃  ဉာဏ်ပညာအကြောင်းငါပြောမယ်။ သိနားလည်မှုအကြောင်းတွေးတောမယ်။+ ၄  စကားပုံတွေကို ငါအာရုံစိုက်မယ်။ စကားထာတွေကို စောင်းတီးပြီး ရှင်းပြမယ်။ ၅  အလဲထိုးချင်တဲ့ လူယုတ်မာတွေ ဝိုင်းရံထားလို့ ဒုက္ခရောက်တဲ့အခါ ငါ ဘာလို့ကြောက်ရမှာလဲ။+ ၆  ကိုယ့်ရဲ့စည်းစိမ်ကို ကိုးစားတဲ့သူတွေ၊+ ကိုယ့်ဥစ္စာဓနကို ကြွားနေတဲ့သူတွေ ရှိတယ်။+ ၇  ဒါပေမဲ့ သူတို့တစ်ယောက်မှကိုယ့်ညီအစ်ကိုကို မရွေးနိုင်ဘူး။ ညီအစ်ကိုအတွက် ရွေးဖိုးကိုဘုရားသခင်ဆီ မပေးနိုင်ဘူး။+ ၈  (အသက်အတွက် ရွေးဖိုးဟာတန်ဖိုးကြီးလွန်းလို့ သူတို့ ဘယ်တော့မှ တတ်နိုင်မှာ မဟုတ်ဘူး။) ၉  အဲဒီလိုသာ ရွေးနိုင်မယ်ဆိုရင် သင်္ချိုင်းတွင်းကို သူတို့မြင်တွေ့ရမှာ မဟုတ်ဘဲ ထာဝစဉ် အသက်ရှင်မှာပေါ့။+ ၁၀  ဉာဏ်ပညာကြီးသူတွေတောင် သေဆုံးရတာလူမိုက်ရော စဉ်းစားဉာဏ်မရှိသူတွေပါ အတူပျက်စီးရတာ၊+ ကိုယ့်စည်းစိမ်ကို သူများအတွက် ထားရစ်ခဲ့ရတာ သူတို့သိတာပဲ။+ ၁၁  သူတို့က ကိုယ့်အိမ်ကို ထာဝစဉ်တည်စေချင်တယ်။ ကိုယ့်တဲကို လူမျိုးအဆက်ဆက် တည်စေချင်တယ်။ အိမ်ရာမြေတွေကိုလည်း ကိုယ့်နာမည်နဲ့ သမုတ်ထားကြတယ်။ ၁၂  ဂုဏ်မြင့်သူဖြစ်နေရင်တောင် လူဟာ အမြဲအသက်ရှင်နေမှာ မဟုတ်ဘူး။+ တိရစ္ဆာန်တွေနဲ့မခြား သေရတာပဲ။+ ၁၃  လူမိုက်တွေနဲ့ သူတို့ရဲ့ အဓိပ္ပာယ်မဲ့ စကားတွေကို သဘောကျပြီးသူတို့နောက်ကို လိုက်တဲ့သူတွေရဲ့ လမ်းဆုံးကတော့၊+ (စဲလာ) ၁၄  အသတ်ခံရမယ့် သိုးတွေလို သင်္ချိုင်းကို သွားရလိမ့်မယ်။ သေမင်းဟာ သူတို့ရဲ့သိုးထိန်းပဲ။ မိုးသောက်တဲ့အခါ သူတို့ကိုရိုးဖြောင့်သူတွေ အနိုင်ရလိမ့်မယ်။+ သူတို့ အစအနပါမကျန်ပျောက်ကွယ်သွားလိမ့်မယ်။+ စံအိမ်ကြီးမှာမဟုတ်ဘဲသင်္ချိုင်းမှာ+ နေရလိမ့်မယ်။+ ၁၅  ငါ့ကိုတော့ ဘုရားသခင်က သင်္ချိုင်းရဲ့ လက်ကနေ ရွေးယူပြီး+ချီမလိမ့်မယ်။ (စဲလာ) ၁၆  လူတစ်ယောက် စည်းစိမ်ကြွယ်ဝလာလို့သူ့အိမ် ပိုခမ်းနားလာလို့ မကြောက်ပါနဲ့။ ၁၇  သူသေသွားရင် ဘာမှယူမသွားနိုင်ဘူး။+ သူ့ဂုဏ်အရှိန်အဝါလည်း အတူလိုက်မသွားနိုင်ဘူး။+ ၁၈  (လူတစ်ယောက် ကြီးပွားလာရင် လူတွေ ချီးမွမ်းတတ်တယ်။)+ သူက အသက်ရှင်နေတုန်းမို့လို့ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်နေတာ။+ ၁၉  နောက်ဆုံးတော့ ဘိုးဘေးတွေလို သေဆုံးရတာပဲ။ အလင်းကို သူတို့ မြင်တွေ့ရတော့မှာ မဟုတ်ဘူး။ ၂၀  ဒါကို နားမလည်တဲ့သူဟာဂုဏ်မြင့်သူဖြစ်နေရင်တောင်+ တိရစ္ဆာန်တွေနဲ့မခြား သေရတာပဲ။

အောက်ခြေမှတ်ချက်များ