ယောဘ ၅:၁-၂၇

  • ဧလိဖတ် ဆက်ပြော (၁-၂၇)

    • ‘ဘုရားက ပညာရှိသူကို သူ့ပရိယာယ်နဲ့ပဲ ပြန်ကျော့မိစေတယ်’ (၁၃)

    • ‘ဘုရား ဆုံးမတာကို ယောဘ မငြင်းပယ်သင့်’ (၁၇)

 “ခင်ဗျား ခေါ်ကြည့်လိုက်ပါလား။ ဘယ်သူ ထူးမှာလဲ။ သန့်ရှင်းသူတွေထဲက ဘယ်သူ့ဆီ အကူအညီတောင်းမှာလဲ။  ၂  နာကြည်းစိတ်က မိုက်မဲသူကို သတ်လိမ့်မယ်။ မနာလိုစိတ်က ရိုးအတဲ့သူကို သေစေလိမ့်မယ်။  ၃  မိုက်မဲသူတွေ အခြေတကျဖြစ်နေတာကို ကျုပ်မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူနေထိုင်တဲ့နေရာက ရုတ်တရက် ကျိန်ဆဲခံလိုက်ရတယ်။  ၄  သူ့သားတွေက ဘေးကင်းလုံခြုံမှု မရှိဘူး။ မြို့တံခါးမှာ ဖိနှိပ်ခံရတဲ့အခါ+ ကယ်မယ့်သူ တစ်ယောက်မှ မရှိဘူး။  ၅  သူတို့ ရိတ်သိမ်းထားတာတွေ ဆူးပင်ကြားထဲ ရှိနေရင်တောင် ဆာလောင်နေသူ ယူစားပစ်တယ်။ သူတို့ ပိုင်ဆိုင်တာတွေလည်း အသိမ်းခံလိုက်ရတယ်။  ၆  ဘေးဖြစ်စေတဲ့အရာတွေဟာ မြေမှုန့်ထဲကနေ ထွက်လာတာမှ မဟုတ်တာ။ ပြဿနာကလည်း မြေကြီးထဲကနေ ပေါက်လာတာမှ မဟုတ်တာ။  ၇  မီးပွားဆိုတာ အပေါ်ကိုလွင့်တက်သလိုလူဆိုတာလည်း မွေးလာရင် ဒုက္ခကြုံရမှာပဲ။  ၈  ကျုပ်သာဆိုရင် ဘုရားကို အကူအညီတောင်းပြီးကိုယ့်အမှုကို ဘုရားဆီပဲ အပ်လိုက်မှာ။  ၉  ဘုရားသခင်ဟာ ကြီးမြတ်တဲ့အရာတွေ၊ စိစစ်လို့ မကုန်နိုင်တဲ့အရာတွေ၊ရေတွက်လို့ မကုန်နိုင်တဲ့ အံ့ဖွယ်ရာတွေကို လုပ်ဆောင်တဲ့အရှင်၊ ၁၀  မြေပေါ်  မိုးရွာစေတဲ့အရှင်၊လယ်ပြင်တွေပေါ် ရေသွန်းလောင်းတဲ့အရှင်၊ ၁၁  နိမ့်ကျသူကို ချီးမြှောက်တဲ့ အရှင်၊ညှိုးငယ်နေသူကို ထူမပြီး ကယ်တင်တဲ့ အရှင်ပဲ။ ၁၂  ဘုရားက ဉာဏ်များသူရဲ့အကြံကို ပျက်ပြားစေတယ်။ ဒါကြောင့် သူလုပ်သမျှ မအောင်မြင်ဘူး။ ၁၃  ပညာရှိသူကို သူ့ပရိယာယ်နဲ့ပဲ ပြန်ကျော့မိစေတယ်။+ ဒါကြောင့် လူလည်တွေရဲ့အကြံ ပျက်စီးသွားတယ်။ ၁၄  နေ့ဘက်မှာ အမှောင်က သူတို့ကို လွှမ်းခြုံထားတယ်။ မွန်းတည့်ချိန်မှာလည်း ညဘက်မှာလို စမ်းတဝါးဝါး သွားလာရတယ်။ ၁၅  ဘုရားက ဆင်းရဲသားကို ဓားသွားလိုထက်တဲ့ စကားတွေရဲ့ ရန်ကနေ၊သန်မာသူရဲ့လက်ကနေ ကယ်တင်တယ်။ ၁၆  ဒါကြောင့် ခိုကိုးရာမဲ့သူဟာ မျှော်လင့်ချက် ရှိလာတယ်။ မဖြောင့်မတ်သူကတော့ နှုတ်ဆိတ်နေရတယ်။ ၁၇  ဘုရားသခင်ရဲ့ပဲ့ပြင်မှု ခံရသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ဒါကြောင့် အနန္တတန်ခိုးရှင် ဆုံးမတာကို မငြင်းပယ်ပါနဲ့။ ၁၈  ဘုရားက နာကျင်အောင်လုပ်ပေမဲ့ ဒဏ်ရာကို ပြန်စည်းပေးတယ်။ အပိုင်းပိုင်းချိုးပေမဲ့ ကိုယ်တိုင်ပြန်ကုပေးတယ်။ ၁၉  ခင်ဗျား ဘေးဆိုးခြောက်ခု ကြုံရရင်တောင် ဘုရားကယ်တင်မယ်။ ခုနစ်ခုမြောက် ဘေးဆိုးကလည်း ခင်ဗျားကို အန္တရာယ်ပေးနိုင်မှာ မဟုတ်ဘူး။ ၂၀  ငတ်မွတ်ခေါင်းပါးချိန်မှာ သေဘေးကနေ၊စစ်ဖြစ်ချိန်မှာ ဓားဘေးကနေ ဘုရားကယ်လိမ့်မယ်။ ၂၁  ပုတ်ခတ်ပြောဆိုတဲ့ စကားတွေရဲ့ ရန်ကနေ ခင်ဗျားကို ကာကွယ်ပေးလိမ့်မယ်။+ ဖျက်ဆီးခြင်းဘေး ရောက်လာရင်လည်း ကြောက်စရာ မလိုဘူး။ ၂၂  ပျက်စီးခြင်းဘေးနဲ့ အငတ်ဘေးကြုံတဲ့အခါ ခင်ဗျား ရယ်မောနေရလိမ့်မယ်။ သားရဲတွေကို ကြောက်ရမှာ မဟုတ်ဘူး။ ၂၃  လယ်ထဲက ကျောက်တုံးတွေ ခင်ဗျားကို ဒုက္ခပေးမှာ မဟုတ်ဘူး။ သားရဲတွေနဲ့လည်း သင့်မြတ်နေလိမ့်မယ်။ ၂၄  ခင်ဗျားက တဲထဲမှာ ငြိမ်သက်မှု ခံစားရလိမ့်မယ်။ စားကျက်ကို သွားကြည့်တဲ့အခါ ပျက်စီးပျောက်ရှတာ တစ်ခုမှ တွေ့မှာမဟုတ်ဘူး။ ၂၅  သားသမီးတွေ အများကြီးရလိမ့်မယ်။ သားစဉ်မြေးဆက်တွေလည်း မြက်ပင်တွေလို များပြားလိမ့်မယ်။ ၂၆  ရင့်မှည့်နေချိန်မှာ ရိတ်သိမ်းခံလိုက်ရတဲ့ ကောက်လှိုင်းစည်းတွေလိုခင်ဗျားဟာ သေဆုံးချိန်မှာတောင် သန်တုန်းမြန်တုန်း ဖြစ်နေလိမ့်မယ်။ ၂၇  ဒါတွေဟာ ကျုပ်တို့ လေ့လာသိရှိထားတဲ့ အချက်တွေပဲ။ နားထောင်ပြီး လက်ခံလိုက်ပါ။”

အောက်ခြေမှတ်ချက်များ