ဟောရှေ ၁၄:၁-၉

  • ယေဟောဝါဆီ ပြန်လာဖို့ မေတ္တာရပ်ခံ (၁-၃)

    • ဂုဏ်တော်ချီးမွမ်းတဲ့ စကားတွေကို ပူဇော် ()

  • အစ္စရေးရဲ့ သစ္စာမဲ့မှုကို ကုသပေး (၄-၉)

၁၄  “အို အစ္စရေး၊ မင်းက အမှားတွေကြောင့် တိုက်လဲသွားတဲ့အတွက်ယေဟောဝါဘုရားဆီ ပြန်လာပါ။+  ၂  ယေဟောဝါဆီ ပြန်လာတဲ့အခါ မင်းတို့ပြောရမှာက ‘ဘုရားသခင်၊ အမှားတွေကို ခွင့်လွှတ်ပေးပါ။+ ကျွန်တော်တို့ဆီက ကောင်းတဲ့အရာတွေကို လက်ခံပေးလှည့်ပါ။ ကိုယ်တော့်ဆီ နွားထီးပျိုတွေကို ဆက်သသလို ဂုဏ်တော်ချီးမွမ်းတဲ့ စကားတွေကို ဆက်သပါ့မယ်။+  ၃  အဆီးရီးယားက ကယ်တင်မှာ မဟုတ်ဘူး။+ ကျွန်တော်တို့ မြင်းတွေ မစီးတော့ပါဘူး။+ ကိုယ့်လက်နဲ့လုပ်ထားတာတွေကို “ငါတို့ရဲ့ဘုရားပဲ” လို့ မပြောတော့ပါဘူး။ ကိုယ်တော်ဟာ မိဘမဲ့ကလေးတွေကို ကရုဏာပြတဲ့အရှင်ပါ။’+  ၄  ငါကုသပေးလိုက်တဲ့အတွက် သူတို့ သစ္စာဖောက်တော့မှာ မဟုတ်ဘူး။+ ငါ အမျက်ပြေသွားတဲ့အတွက်+ သူတို့ကို စိတ်လိုကိုယ်လျောက် ချစ်မယ်။+  ၅  ငါဟာ အစ္စရေးအတွက် နှင်းပွင့်လို ဖြစ်မယ်။ နှင်းပန်းလို သူ ဖူးပွင့်ဝေဆာလာမယ်။ လက်ဘနွန်က သစ်ပင်တွေလို အမြစ်စွဲနေမယ်။  ၆  သူ့အခက်အလက်တွေ ဖြာထွက်လာမယ်။ သူဟာ သံလွင်ပင်လို ခမ်းနားလိမ့်မယ်။ လက်ဘနွန်သစ်ပင်တွေရဲ့ ရနံ့လို မွှေးကြိုင်နေလိမ့်မယ်။  ၇  သူတို့ဟာ ငါ့အရိပ်ကို ပြန်ခိုလှုံကြမယ်။ ကောက်နှံတွေကို စိုက်ပျိုးလိမ့်မယ်။ စပျစ်ပင်လို ဖူးပွင့်ဝေဆာလိမ့်မယ်။+ ငါလည်း လက်ဘနွန်ရဲ့ စပျစ်ဝိုင်လို ကျော်ကြားလိမ့်မယ်။  ၈  ‘ဒီရုပ်တုတွေက ငါနဲ့ဘာဆိုင်တော့လို့လဲ’ ဆိုပြီး ဧဖရိမ် ပြောလိမ့်မယ်။+ ငါက သူပြောတာကို ကြားပြီး ဂရုစိုက်ကြည့်နေမယ်။+ ငါဟာ စိမ်းလန်းတဲ့ ဂျူနီပါထင်းရှူးပင်လို ဖြစ်လာမယ်။ ငါ့ဆီကနေ သစ်သီးတွေကို မင်း ရလိမ့်မယ်။”  ၉  ဉာဏ်ပညာရှိတာ ဘယ်သူလဲ။ ဒီအကြောင်းတွေကို သူနားလည်ပါစေ။ သတိပညာရှိတာ ဘယ်သူလဲ။ ဒါတွေကို သူသိပါစေ။ ယေဟောဝါရဲ့ လမ်းစဉ်ဟာ ဖြောင့်မှန်တယ်။+ ဖြောင့်မတ်သူတွေက အဲဒီလမ်းစဉ်မှာ လျှောက်လိမ့်မယ်။ ပြစ်မှားသူတွေကတော့ အဲဒီလမ်းစဉ်မှာ တိုက်လဲလိမ့်မယ်။

အောက်ခြေမှတ်ချက်များ