အာမုတ် ၄:၁-၁၃

  • ဗာရှန်နွားမတွေအတွက် သတင်း (၁-၃)

  • အစ္စရေးရဲ့ မှားယွင်းတဲ့ဝတ်ပြုမှုကို ယေဟောဝါရှုတ်ချ (၄၊ ၅)

  • ဆုံးမစကားကို အစ္စရေး လက်မခံ (၆-၁၃)

    • ‘မင်းရဲ့ဘုရားသခင်ကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ’ (၁၂)

    • ‘ဘုရားသခင်က မိမိရဲ့အကြံအစည်တွေကို ပြောပြ’ (၁၃)

 “ရှမာရိတောင်တန်းပေါ်က+ ဗာရှန်နွားမတို့၊နိမ့်ကျသူတွေကို ဖြတ်စားလျှပ်စားလုပ်ပြီး+ ဆင်းရဲသားတွေကို နင်းခြေတဲ့မိန်းမတို့၊‘သောက်စရာလေး ယူခဲ့စမ်းပါ’ လို့ ခင်ပွန်းကိုခိုင်းတတ်တဲ့ မိန်းမတို့၊ဒီစကားကို နားထောင်ကြ။  ၂  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက မိမိရဲ့သန့်ရှင်းမြင့်မြတ်မှုကို တိုင်တည်ပြီး ကျိန်ဆိုတယ်– “‘မင်းတို့ကို အသားချိတ်တဲ့ ချိတ်တွေနဲ့ ချိတ်ဆွဲမယ့်နေ့၊မင်းတို့ထဲက ကြွင်းကျန်သူတွေကို ငါးမျှားချိတ်တွေနဲ့ ချိတ်ဆွဲမယ့်နေ့တွေ လာနေပြီ။  ၃  မင်းတို့အားလုံးက ရှေ့တည့်တည့်မှာရှိတဲ့ မြို့ရိုးအပေါက်တွေထဲကနေ ထွက်သွားရလိမ့်မယ်။ ဟာမုန်အရပ်အထိ မောင်းထုတ်ခံရလိမ့်မယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’  ၄  ‘ဗေသလမြို့ကို လာပြီး အပြစ်ကျူးလွန်ကြ။+ ဂိလဂါလမြို့ကိုလာပြီး အပြစ်တွေ အထပ်ထပ်ကျူးလွန်ကြ။+ မနက်ခင်းမှာ ယဇ်ကောင်တွေ ယူလာကြ။+ သုံးရက်မြောက်နေ့မှာ ဆယ်ဖို့တစ်ဖို့ ယူလာကြ။+  ၅  တဆေးပါတဲ့မုန့်ကို ကျေးဇူးတင်ချီးမွမ်းရာ ပူဇော်သက္ကာအဖြစ် မီးရှို့ကြ။+ စေတနာအလျောက်ပေးတဲ့ အလှူတွေကို လူတကာသိအောင် ကြေညာကြ။ အစ္စရေးတို့၊ မင်းတို့က အဲဒီလိုလုပ်ရတာကို ကြိုက်နေတာ။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။  ၆  ‘ဒါကြောင့် ငါကလည်း မြို့တိုင်းမှာ အစာရေစာ ငတ်ပြတ်စေခဲ့တယ်။ အိမ်တိုင်းမှာ အစာရေစာ ပြတ်လပ်စေခဲ့တယ်။+ ဒါတောင် ငါ့ဆီ ပြန်မလာကြဘူး။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။  ၇  ‘ငါက ရိတ်သိမ်းချိန်မတိုင်ခင် သုံးလမှာ မင်းတို့အပေါ် မိုးမရွာအောင် တားဆီးခဲ့တယ်။+ မြို့တစ်မြို့မှာ မိုးရွာစေတယ်။ နောက်တစ်မြို့မှာတော့ မိုးခေါင်စေတယ်။ မြေတစ်ကွက်မှာ မိုးရွာစေပေမဲ့နောက်တစ်ကွက်မှာတော့ မိုးမရွာဘဲ ခြောက်သွေ့စေခဲ့တယ်။  ၈  နှစ်မြို့သုံးမြို့မှာရှိတဲ့ လူတွေ ရေသောက်ဖို့ မြို့တစ်မြို့ဆီ ဒယိမ်းဒယိုင် သွားကြပေမဲ့+ရေကို အဝမသောက်ရဘူး။ ဒါတောင် ငါ့ဆီ ပြန်မလာကြဘူး။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။  ၉  ‘ငါက မင်းတို့ကို ချစ်ချစ်တောက်ပူတဲ့လေ၊ မှိုရောဂါနဲ့ ဒဏ်ခတ်ခဲ့တယ်။+ သစ်သီးခြံတွေ၊ စပျစ်ခြံတွေ မင်းတို့ အများကြီးစိုက်ပေမဲ့သဖန်းပင်တွေ၊ သံလွင်ပင်တွေကို ကျိုင်းကောင်တွေ စားပစ်တယ်။+ ဒါတောင် ငါ့ဆီပြန်မလာကြဘူး။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။ ၁၀  ‘အီဂျစ်ပြည်မှာ ကျရောက်ခဲ့တဲ့ ကပ်ရောဂါဘေးမျိုးကို မင်းတို့အပေါ် ငါကျရောက်စေခဲ့တယ်။+ လူငယ်တွေကို ဓားနဲ့ကွပ်မျက်ပြီး+ မြင်းတွေကိုလည်း သိမ်းသွားတယ်။+ မင်းတို့တပ်စခန်းထဲမှာ အပုပ်နံ့တွေ တထောင်းထောင်း ထစေခဲ့တယ်။+ ဒါတောင် ငါ့ဆီ ပြန်မလာကြဘူး။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။ ၁၁  ‘ငါက သောဒုံနဲ့ ဂေါမောရမြို့ကို ဖျက်ဆီးခဲ့သလို မင်းတို့ကို ဖျက်ဆီးခဲ့တယ်။+ မင်းတို့ဟာ မီးထဲကနေ ဆွဲထုတ်ခံရတဲ့ ထင်းတုံးလို ဖြစ်ခဲ့တယ်။ ဒါတောင် ငါ့ဆီ ပြန်မလာကြဘူး။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။ ၁၂  ဒါကြောင့် အစ္စရေး၊ မင်းကို ငါ အဲဒီလို ဒဏ်ခတ်ဦးမယ်။ အစ္စရေး၊ မင်းကို ငါဒဏ်ခတ်မှာဖြစ်လို့မင်းရဲ့ ဘုရားသခင်ဖြစ်တဲ့ ငါ့ကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။ ၁၃  ငါဟာ တောင်တန်းတွေကို ပုံသွင်းတဲ့အရှင်၊+လေကို ဖန်ဆင်းတဲ့အရှင်၊+ မိမိရဲ့ အကြံအစည်တွေကို လူတွေကို ပြောပြတဲ့အရှင်၊အရုဏ်ဦးကို မှောင်မိုက်စေတဲ့အရှင်၊+ ကမ္ဘာမြေရဲ့ မြင့်တဲ့နေရာတွေကို နင်းတဲ့အရှင်ဖြစ်တယ်။+ ငါ့နာမည်ဟာ ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါပဲ။”

အောက်ခြေမှတ်ချက်များ