၁ ကောရိန္သု ၆:၁-၂၀
၆ ခင်ဗျားတို့အချင်းချင်း အငြင်းပွားစရာ ပေါ်လာတဲ့အခါ+ သန့်ရှင်းသူတွေဆီ မသွားဘဲ တရားရုံးမှာရှိတဲ့ မဖြောင့်မတ်သူတွေဆီ သွားဝံ့သလား။
၂ သန့်ရှင်းသူတွေက ဒီလောကကို တရားစီရင်မယ်ဆိုတာ ခင်ဗျားတို့ မသိဘူးလား။+ ဒီလောကကို တရားစီရင်ရမယ့် ခင်ဗျားတို့က အမှုကိစ္စအသေးအဖွဲလေးတွေကို မစီရင်မဆုံးဖြတ်နိုင်ဘူးလား။
၃ ကောင်းကင်တမန်တွေကို ကျွန်တော်တို့ တရားစီရင်ရမယ်ဆိုတာ မသိကြဘူးလား။+ ဒါဆိုရင် ဒီဘဝမှာကြုံရတဲ့ အမှုကိစ္စတွေကို ဘာလို့ မစီရင်နိုင်ရမှာလဲ။
၄ စီရင်ဆုံးဖြတ်ရမယ့် အမှုကိစ္စပေါ်လာရင်+ အသရေမရှိသူတွေလို့ အသင်းတော်က ယူမှတ်တဲ့သူတွေကို တရားသူကြီး လုပ်ခိုင်းရသလား။
၅ ခင်ဗျားတို့ ရှက်တတ်အောင် ကျွန်တော်ပြောနေတာ။ ခင်ဗျားတို့ဆီမှာ ညီအစ်ကိုအချင်းချင်းဖြစ်တဲ့အမှုကို တရားစီရင်နိုင်လောက်တဲ့ ဉာဏ်ပညာရှိသူ တစ်ယောက်မှ မရှိဘူးလား။
၆ တရားရုံးကိုသွားပြီး မယုံကြည်သူတွေရှေ့မှာ ညီအစ်ကိုအချင်းချင်း တရားရင်ဆိုင်ရသလား။
၇ အချင်းချင်း တရားစွဲဆိုတာဟာ ခင်ဗျားတို့အတွက် ရှုံးနိမ့်ခြင်းပဲ။ အဲဒီအစား မတရားမှုကို ကိုယ်တိုင်ပဲခံလိုက်ပါလား။+ လိမ်လည်မှုကို ကိုယ်တိုင်ပဲ ခံလိုက်ပါလား။
၈ အခုတော့၊ ခင်ဗျားတို့က အဲဒီလိုမခံဘဲ ညီအစ်ကိုတွေအပေါ် မတရားလုပ်ပြီး လိမ်လည်ကြတယ်။
၉ မဖြောင့်မတ်သူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရမှန်း မသိကြဘူးလား။+ လှည့်ဖြားမခံကြပါနဲ့။ လိင်အကျင့်ယိုယွင်းသူ၊*+ ရုပ်တုကိုးကွယ်သူ၊+ အိမ်ထောင်ရေးဖောက်ပြန်သူ၊+ မိန်းမလျှာ၊+ ယောက်ျားချင်း လိင်ဆက်ဆံသူ၊+
၁၀ သူခိုး၊ လောဘကြီးသူ၊+ သောက်ကြူးသူ၊+ ဆဲဆိုသူ၊ လုယက်သူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရဘူး။+
၁၁ ခင်ဗျားတို့ထဲက တချို့ဟာ အရင်က အဲဒီလိုလုပ်ခဲ့ကြတယ်။ အခုတော့ ဘုရားသခင်က ခင်ဗျားတို့ကို ဆေးကြော+ သန့်စင်ပေးလိုက်ပြီ။+ သခင်ယေရှုခရစ်ရဲ့ နာမည်နဲ့ စွမ်းအားတော်အားဖြင့် ခင်ဗျားတို့ကို ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်လိုက်ပြီ။+
၁၂ ကျွန်တော့်အတွက် အရာအားလုံး လုပ်လို့ရတာ မှန်ပေမဲ့ အရာအားလုံးဟာ အကျိုးရှိတာ မဟုတ်ဘူး။+ အရာအားလုံး လုပ်လို့ရတာ မှန်ပေမဲ့ တစ်ခုခုရဲ့ ထိန်းချုပ်မှုကို ကျွန်တော် မခံဘူး။
၁၃ အစားအစာဟာ ဝမ်းဗိုက်အတွက်၊ ဝမ်းဗိုက်ကလည်း အစားအစာအတွက်ပဲ။ ဒါပေမဲ့ ဘုရားသခင်က အဲဒီနှစ်မျိုးစလုံးကို ပပျောက်စေလိမ့်မယ်။+ ကိုယ်ခန္ဓာက လိင်အကျင့်ယိုယွင်းဖို့* မဟုတ်ဘဲ သခင့်အလုပ်အတွက် ဖြစ်တယ်။+ သခင်ကလည်း ကိုယ်ခန္ဓာအတွက် လိုအပ်တာတွေကို ပေးတယ်။
၁၄ ဘုရားသခင်က သခင့်ကို တန်ခိုးတော်နဲ့ အသက်ပြန်ရှင်စေခဲ့သလို+ ကျွန်တော်တို့ကိုလည်း သေရာကနေ အသက်ပြန်ရှင်စေလိမ့်မယ်။+
၁၅ ခင်ဗျားတို့ရဲ့ ကိုယ်ခန္ဓာဟာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဖြစ်မှန်း မသိကြဘူးလား။+ ဒီတော့ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ယူပြီး ပြည့်တန်ဆာရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းနဲ့ ပေါင်းစပ်သင့်သလား။ လုံးဝမဖြစ်သင့်ဘူး။
၁၆ ပြည့်တန်ဆာနဲ့ ပေါင်းဖော်သူဟာ ပြည့်တန်ဆာနဲ့ တစ်သားတစ်ကိုယ်တည်းဖြစ်မှန်း မသိကြဘူးလား။ “သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်”+ လို့ ဘုရားပြောခဲ့တာပဲ။
၁၇ သခင်နဲ့ ပေါင်းစပ်ထားသူတွေကတော့ အဲဒီသခင်နဲ့ တစ်စိတ်တစ်ဝမ်းတည်းပဲ။+
၁၈ လိင်အကျင့်ယိုယွင်းမှုကို* ဝေးဝေးရှောင်ကြပါ။+ တခြားအပြစ်တွေဟာ လူ့ကိုယ်ခန္ဓာကို ပြစ်မှားရာ မရောက်ဘူး။ လိင်အကျင့်ယိုယွင်းသူကတော့ မိမိရဲ့ကိုယ်ခန္ဓာကို ပြစ်မှားတာပဲ။+
၁၉ သန့်ရှင်းသောစွမ်းအားတော် ကိန်းအောင်းနေတဲ့+ ခင်ဗျားတို့ရဲ့ကိုယ်ခန္ဓာဟာ ဗိမာန်တော်ဖြစ်မှန်း+ မသိကြဘူးလား။ အဲဒီစွမ်းအားတော်ကို ဘုရားသခင်ဆီက ရထားကြတယ်။ ခင်ဗျားတို့ဟာ ကိုယ့်ကိုယ်ကိုယ် မပိုင်ဘူး။+
၂၀ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ကို တန်ဖိုးကြီးကြီးပေးပြီး ဝယ်ထားလို့ပဲ။+ ဒါကြောင့် ခင်ဗျားတို့ရဲ့ ကိုယ်ခန္ဓာကို+ ဘုရားသခင်ရဲ့ ဂုဏ်တော်ချီးမွမ်းဖို့ အသုံးပြုကြပါ။+