မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW ရုပ်သံထုတ်လွှင့်ခြင်း

Apple တီဗီသုံးပြီး နားဆင်နိုင်တဲ့အော်ဒီယို

Apple တီဗီသုံးပြီး နားဆင်နိုင်တဲ့အော်ဒီယို

အော်ဒီယို အပိုင်းမှာ အသံသွင်းတေးသီချင်းတွေ၊ တေးဂီတ၊ ပြဇာတ်၊ နားဆင်စရာ ကျမ်းစာဇာတ်လမ်းတွေအပါအ၀င် အော်ဒီယိုအုပ်စုတွေ ရှိတယ်။

(သတိပြုရန်- သင့်ရဲ့ remote နဲ့ ဒီလမ်းညွှန်မှာ အသုံးပြုတဲ့ Siri remote ရဲ့ diagrams ပုံစံမတူညီတာ ဖြစ်နိုင်ပါတယ်။)

JW ရုပ်သံထုတ်လွှင့်မှု ပင်မစာမျက်နှာမှာ အော်ဒီယို ကိုရွေးချယ်ပြီး ရရှိနိုင်တဲ့အော်ဒီယိုအမျိုးအစားတွေကို ကြည့်ပါ။ အသံသွင်းအစီအစဉ်တွေကို ရှာဖွေနားဆင်နိုင်ဖို့ အောက်ပါအဆင့်တွေကို လုပ်ဆောင်ပါ-

 အော်ဒီယိုအစီအစဉ်တစ်ခုကို နားဆင်ခြင်း

မျက်နှာပြင်ပေါ်က အတန်းတစ်ခုစီဟာ အော်ဒီယိုအုပ်စုကို ကိုယ်စားပြုတယ်။ အတန်းရဲ့အပေါ်နားမှာ အော်ဒီယိုအုပ်စုရဲ့နာမည် ပေါ်လာပါလိမ့်မယ်။

  • Touch surface ကို အပေါ် ဒါမှမဟုတ် အောက် ကိုရွှေ့ပြီး တခြားအုပ်စုကို ရှာပါ။

  • Touch surface ကို ဘယ် ဒါမှမဟုတ် ညာ ကိုရွှေ့ပြီး အုပ်စုတစ်ခုမှာရှိတဲ့ အော်ဒီယိုအစီအစဉ်တွေကို ရှာပါ။ သင်ရွေးလိုက်တဲ့ အော်ဒီယိုအစီအစဉ်ရဲ့ ပုံက ကျန်တာတွေထက် အနည်းငယ် ကြီးနေမှာဖြစ်တယ်။

  •   အစီအစဉ်ကို ရွေးချယ်ဖို့၊ အော်ဒီယိုအစီအစဉ်ရဲ့အသေးစိတ်အချက်ကို ပြပေးဖို့ Touch surface ကို နှိပ်ပါ။

အောက်ပါတစ်ခုကို ရွေးချယ်ပါ-

  • Play- အစကနေဖွင့်ပါ။

  • Play All-  ဖန်သားပြင်မှာ ပြထားတဲ့အစီအစဉ်ကနေ စပြီး အစီအစဉ်အားလုံးကို ဖွင့်ပေးတယ်။ အုပ်စုမှာပါတဲ့ အစီအစဉ်အားလုံးကို ဖွင့်တဲ့အခါ playback က ရပ်သွားပါလိမ့်မယ်။

  • Resume- အော်ဒီယိုအစီအစဉ်ကို နားထောင်ခဲ့တဲ့နေရာကနေ ပြန်စပြီး နားထောင်နိုင်ပါတယ်။

အော်ဒီယိုအစီအစဉ်ရဲ့ အသေးစိတ်အချက် အောက်နားက အတန်းမှာ လက်ရှိအုပ်စုထဲက တခြားအော်ဒီယိုဗီဒီယိုအစီအစဉ်တွေကို ပြသထားပေးတယ်။ အဲဒါကို ကြည့်နိုင်ဖို့ Down ကိုနှိပ်ပါ၊ အော်ဒီယိုအစီအစဉ်ရဲ့ အသေးစိတ်အချက်အလက် ကိုပြန်သွားချင်ရင် Up ကိုနှိပ်ပါ။

 အော်ဒီယိုအုပ်စုတစ်စုကို နားဆင်ခြင်း

အုပ်စုထဲက အော်ဒီယိုအစီအစဉ်တစ်ခုကိုသာမက အစီအစဉ်အားလုံးကိုလည်း နားထောင်နိုင်တယ်။ Audio မျက်နှာပြင်ပေါ်က သင်နားထောင်ချင်တဲ့ အစီအစဉ်ကိုရွေးပါ၊ ပြီးနောက် အောက်ပါတွေထဲက တစ်ခုကို ရွေးပါ-

  • အားလုံးဖွင့်- အုပ်စုထဲကအစီအစဉ်အားလုံးကို ဦးဆုံးအစီအစဉ်ကနေဖွင့်ချင်ရင် ဒါကိုရွေးပါ။

  • ကြုံရာဖွင့်- အုပ်စုထဲကအစီအစဉ်အားလုံးကို အစဉ်လိုက်မဖွင့်ချင်ရင် ဒါကိုရွေးပါ။

သီချင်းအားလုံးဖွင့်ပြီးသွားရင် playback ရပ်သွားမယ်။

  အော်ဒီယိုအဖွင့်အပိတ်ထိန်းချုပ်ခြင်း

အော်ဒီယိုအစီအစဉ် ဖွင့်နေတုန်း Siri remote နဲ့ အော်ဒီယိုအဖွင့်အပိတ်ထိန်းချုပ်ခြင်းကို အောက်ပါအတိုင်း လုပ်နိုင်တယ်-

  • Play/Pause- အော်ဒီယိုအစီအစဉ်ကို ရပ်ပါ။ ပြန်ဖွင့်ချင်ရင် အဲဒီခလုတ်ကိုပဲ ထပ်နှိပ်ပါ။ play ဒါမှမဟုတ် pause လုပ်နိုင်ဖို့ Touch surface ရဲ့ အလယ်နားကိုလည်း နှိပ်နိုင်တယ်။

  • Rewind- အော်ဒီယိုကို ရပ်ထားတုန်း အစကိုပြန်သွားချင်တယ်ဆိုရင် Left ကိုရွှေ့လိုက်ပါ။ အော်ဒီယိုကို ပြန်စနားထောင်နိုင်ဖို့ Play/Pause ကိုနှိပ်ပါ။

  • Fast Forward-  အော်ဒီယိုကို ရပ်ထားတုန်း အဆုံးကို နားထောင်ချင်တယ်ဆိုရင် Right ကိုရွှေ့လိုက်ပါ။ အော်ဒီယိုကို ပြန်စနားထောင်နိုင်ဖို့ Play/Pause ကိုနှိပ်ပါ။

  • Skip Forward- ဆယ်စက္ကန့်စာ အရှေ့ကိုကျော်ချင်တယ်ဆိုရင် Touch surface ရဲ့ ညာဘက်ကို ထောက်ပါ။

  • မျက်နှာပြင်ရဲ့ အောက်နားက audio progress bar မှာ Skip icon ကိုတွေ့ပြီဆိုရင် Touch surface မျက်နှာပြင်ကို နှိပ်လိုက်ပါ။

  • Skip Backward- ဆယ်စက္ကန့်စာ အနောက်ပြန်ရစ်ချင်တယ်ဆိုရင် Touch surface မျက်နှာပြင်ရဲ့ ဘယ်ဘက်ကို ထောက်ပါ။

  • မျက်နှာပြင်ရဲ့ အောက်နားက audio progress bar မှာ Skip icon ကိုတွေ့ပြီဆိုရင် Touch surface မျက်နှာပြင်ကို နှိပ်လိုက်ပါ။

  • Menu- အော်ဒီယိုအစီအစဉ်ရဲ့အသေးစိတ်အချက် ကိုပြန်သွားပါ။